ချန်ပီယံပြေးလမ်းကြောင်းပေါ်က အသင်းဖြစ်လို့

အင်္ဂါည စပိန်လာလီဂါ ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

လီဗန်တေး နှင့် ဘာစီလိုနာ (ည ၂း၃၀)(သတိုး- မှော်ဘီ)

တန်းတင်ကျန်ရစ်ဖို့သေချာပြီးကတည်းကလီဗန်တေးခပ်ပျော့ပျော့ကစားလာတာပွဲတိုင်းလိုလိုပါပဲ။ဘယ်လိုပြိုင်ဘက်နဲ့ပဲတွေ့တွေ့လီဗန်တေးရုန်းကန်ရပြီး ခံစစ်နဲ့ကွင်းလယ်ယိုယွင်းလွန်းမှုကသူတို့ရဲ့အဓိကအားနည်းချက်ပါ။

အခုနောက်ပိုင်း မိုရာလက်စ်၊ မာတီတို့ရဲ့တိုက်စစ်ပိုင်းကပါ ဂိုးသွင်းအားကျဆင်းလာနေပါတယ်။ဘာစီလိုနာကတော့ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ အက်သလက်တီကို၊ ရီးရဲလ်တို့နဲ့အပြိုင်ကြိုးစားနေရဆဲဖြစ်ပြီးလက်ကျန် ၃ပွဲစလုံးကိုအနိုင်ရဖို့လိုအပ်နေတဲ့အသင်းပါ။

ဒါကြောင့်ပွဲစတယ်ဆိုကတည်းကဘာစီလိုနာဖောင်ဖျက်တိုက်စစ်ဖွင့်ပြီးလီဗန်တေးခံစစ်ကြောင်းကိုအဆက်မပြတ်ဖိအားပေးပါလိမ့်မယ်။မက်ဆီ၊ ဂရစ်ဇ်မန်းတို့ရဲ့ဘာကာတိုက်စစ်သွင်းဂိုးတွေကို မြင်တွေ့ခွင့်ရရှိမယ့်ပွဲပါ။

ဒါကြောင့်လည်းဘာစီလိုနာဘက်က၂ဂိုးနိုင်ရင်တောင်၂၅ပဲရရှိမယ်လို့ အကျောပေးဖွင့်လှစ်ထားတာဖြစ်တယ်။ချန်ပီယံပြေးလမ်းကြောင်းပေါ်ကအသင်းဖြစ်လို့ဘာစီလိုနာဂိုးပြတ်နိုင်ကိုနိုင်လိမ့်မယ်။

zawgyi



