၂၀၁၀ကဘလက်ဘန်းသို့ ပြောင်းရေးဘာကြောင့်ပျက်ခဲ့ရသလဲလီဝန်ဒေါ့စကီးပြော

၂၀၁၀ခုနှစ်တုန်းကမီးတောင်ပေါက်ကွဲမှုသာဖြစ်ပျက်ခဲ့ခြင်းမရှိဘူးဆိုရင်ရောဘတ်လီဝန်ဒေါ့စကီးဟာဘလက်ဘန်းအသင်းအတွက်ကစားရတဲ့ကစားသမားတစ်ဦးဖြစ်လာဖို့ရှိပါတယ်။ဒါပေမယ့်ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာမီးတောင်ပေါက်ကွဲမှုနဲ့အတူဘလက်ဘန်းသို့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်တုန်းကရောဘတ်လီဝန်ဒေါ့စကီးဟာပရီးမီးယားလိဂ်ကလပ်ဘလက်ဘန်းနှင့် လက်မှတ်ရေးထိုးမယ့်အခြေအနေမျိုးမှာရှိနေခဲ့ပါတယ်။ထိုစဉ်ကဘလက်ဘန်းအသင်းကိုဆမ်အလာဒွိုက်ကကိုင်တွယ်နေခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးဟာဘလက်ဘန်းသို့ပြောင်းရွှေ့ရေးအတွက်အင်္ဂလန်သို့ခရီးထွက်ကာလေ့ကျင့်ရေးကွင်းကိုလေ့လာခြင်း၊နည်းပြဆမ်အလာဒွိုက်နှင့်စကားပြောဆွေးနွေးခြင်းတို့ပြုလုပ်ရန်စီစဉ်ထားခဲ့ပါတယ်။ဒါပေမယ့်လည်းအိုက်စလန်ကျွန်းရှိ Grimsvotn မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးပြာမှုန်တိမ်ကြီးများဖြစ်ပေါ်ကာလီဝန်ဒေါ့စကီးရဲ့အင်္ဂလန်လေယာဉ်ခရီးစဉ်မှာလည်းဖျက်သိမ်းခဲ့ရပါတယ်။

ဘလက်ဘန်းအပြောင်းအရွှေ့ပျက်ပြယ်ခဲ့မှုနဲ့ပတ်သက်ပြီးဘိုင်ယန်မြူးနစ်တိုက်စစ်မှူးက “ဘလက်ဘန်းကိုပြောင်းဖို့အခွင့်အရေးရခဲ့ပါတယ်။ဒါ့ပေမယ့်ဘလက်ဘန်းကဘယ်လို၊လေ့ကျင့်ရေးကွင်းကဘယ်လို၊ဆမ်အလာဒွိုက်ကဘယ်လိုဆိုတာကြည့်ချင်ခဲ့တယ်။သူ(ဆမ်အလာဒွိုက်)ကလူကောင်းတစ်ယောက်၊နည်းပြကောင်းတစ်ယောက်လို့ထင်ပါတယ်။သူကအသစ်တစ်ခုယူဆောင်လာနိုင်တဲ့၊ထူးခြားတာရှိတဲ့လူငယ်ကစားသမားတစ်ဦးကိုခေါ်ဆောင်ဖို့ပြင်ဆင်နေခဲ့တာပါ။သူကပိုလန်သို့လာပြီးကျွန်တော့်ကိုလာကြည့်ချင်တယ်။အဲဒီတုန်းကကမ်းလှမ်းမှုကလည်းအများကြီးပါ။ကျွန်တော်ကလည်းပိုဇ်နန်ကထွက်ရင်ကျွန်တော့်အတွက်ဘာတွေရလာမလဲ၊ဘာတွေသင်ယူနိုင်မလဲဆိုတာစဉ်းစားနေတယ်။ဘလက်ဘန်းသို့သွားတာအ ကောင်းဆုံးလို့တွေးခဲ့တယ်။ဒါပေမယ့်အဲဒီကိုသွားကြည့်ချင်သေးတယ်။ကွင်းကဘယ်လို၊လေ့ကျင့်ရေးကွင်းကဘယ်လိုဆိုတာကြည့်ချင်တယ်။ဒါပေမယ့်တိမ်တွေကြောင့်မသွားဖြစ်ခဲ့ဘူး၊မီးတောင်ပေါက်ကွဲပြီးပြာမှုန်တိမ်တွေဖြစ်နေခဲ့တာလေ။အဲဒီတုန်းကဥရောပမှာဘယ်သူမှခရီးသွားလို့မရဘူး။လေယာဉ်လက်မှတ်ဝယ်ပြီးသွားပြီ၊ဒါပေမယ့်မသွားဖြစ်လိုက်ဘူး။ဒါကဘဲကျွန်တော့်ဘဝကိုအပြောင်းအလဲဖြစ်စေခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

လီဝန်ဒေါ့စကီးဟာဘလက်ဘန်းသို့မပြောင်းဖြစ်ခဲ့ပေမယ့်ဒေါ့မွန်သို့ပေါင်၅သန်းဖြင့်ပြောင်းခွင့်ရရှိခဲ့ပြီးယင်းမှာဘဲဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးဖြစ်ခဲ့ကာဘွန်ဒက်စ်လီဂါဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာယင်းမှတစ်ဆင့်ဘိုင်ယန်သို့ပြောင်းခဲ့ပြီးလက်ရှိအချိန်မှာကမ္ဘာ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရပ်တည်နေပါတယ်။

 

zawgyi

၂၀၁၀ တုန္းက ဘလက္ဘန္းသို႔ ေျပာင္းေရး ဘာေၾကာင့္ ပ်က္ျပယ္ခဲ့ရသလဲ လီဝန္ေဒါ့စကီးေျပာၿပီ

၂၀၁၀ခုႏွစ္တုန္းကမီးေတာင္ေပါက္ကြဲမႈသာျဖစ္ပ်က္ခဲ့ျခင္းမရွိဘူးဆိုရင္ေရာဘတ္လီဝန္ေဒါ့စကီးဟာဘလက္ဘန္းအသင္းအတြက္ကစားရတဲ့ကစားသမားတစ္ဦးျဖစ္လာဖို႔ရွိပါတယ္။ဒါေပမယ့္ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာမီးေတာင္ေပါက္ကြဲမႈနဲ႔အတူဘလက္ဘန္းသို႔အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့တာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္တုန္းကေရာဘတ္လီဝန္ေဒါ့စကီးဟာပရီးမီးယားလိဂ္ကလပ္ဘလက္ဘန္းႏွင့္ လက္မွတ္ေရးထိုးမယ့္အေျခအေနမ်ိဳးမွာရွိေနခဲ့ပါတယ္။ထိုစဥ္ကဘလက္ဘန္းအသင္းကိုဆမ္အလာဒြိဳက္ကကိုင္တြယ္ေနခဲ့တာျဖစ္ပါတယ္။

လီဝန္ေဒါ့စကီးဟာဘလက္ဘန္းသို႔ေျပာင္းေ႐ႊ႕ေရးအတြက္အဂၤလန္သို႔ခရီးထြက္ကာေလ့က်င့္ေရးကြင္းကိုေလ့လာျခင္း၊နည္းျပဆမ္အလာဒြိဳက္ႏွင့္စကားေျပာေဆြးေႏြးျခင္းတို႔ျပဳလုပ္ရန္စီစဥ္ထားခဲ့ပါတယ္။

ဒါေပမယ့္လည္းအိုက္စလန္ကြၽန္းရွိ Grimsvotn မီးေတာင္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးျပာမႈန္တိမ္ႀကီးမ်ားျဖစ္ေပၚကာလီဝန္ေဒါ့စကီးရဲ႕အဂၤလန္ေလယာဥ္ခရီးစဥ္မွာလည္းဖ်က္သိမ္းခဲ့ရပါတယ္။

ဘလက္ဘန္းအေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့မႈနဲ႔ပတ္သက္ၿပီးဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးက “ဘလက္ဘန္းကိုေျပာင္းဖို႔အခြင့္အေရးရခဲ့ပါတယ္။ဒါ့ေပမယ့္ဘလက္ဘန္းကဘယ္လို၊ေလ့က်င့္ေရးကြင္းကဘယ္လို၊ဆမ္အလာဒြိဳက္ကဘယ္လိုဆိုတာၾကည့္ခ်င္ခဲ့တယ္။သူ(ဆမ္အလာဒြိဳက္)ကလူေကာင္းတစ္ေယာက္၊နည္းျပေကာင္းတစ္ေယာက္လို႔ထင္ပါတယ္။သူကအသစ္တစ္ခုယူေဆာင္လာႏိုင္တဲ့၊ထူးျခားတာရွိတဲ့လူငယ္ကစားသမားတစ္ဦးကိုေခၚေဆာင္ဖို႔ျပင္ဆင္ေနခဲ့တာပါ။သူကပိုလန္သို႔လာၿပီးကြၽန္ေတာ့္ကိုလာၾကည့္ခ်င္တယ္။အဲဒီတုန္းကကမ္းလွမ္းမႈကလည္းအမ်ားႀကီးပါ။ကြၽန္ေတာ္ကလည္းပိုဇ္နန္ကထြက္ရင္ကြၽန္ေတာ့္အတြက္ဘာေတြရလာမလဲ၊ဘာေတြသင္ယူႏိုင္မလဲဆိုတာစဥ္းစားေနတယ္။ဘလက္ဘန္းသို႔သြားတာအ ေကာင္းဆုံးလို႔ေတြးခဲ့တယ္။ဒါေပမယ့္အဲဒီကိုသြားၾကည့္ခ်င္ေသးတယ္။ကြင္းကဘယ္လို၊ေလ့က်င့္ေရးကြင္းကဘယ္လိုဆိုတာၾကည့္ခ်င္တယ္။ဒါေပမယ့္တိမ္ေတြေၾကာင့္မသြားျဖစ္ခဲ့ဘူး၊မီးေတာင္ေပါက္ကြဲၿပီးျပာမႈန္တိမ္ေတြျဖစ္ေနခဲ့တာေလ။အဲဒီတုန္းကဥေရာပမွာဘယ္သူမွခရီးသြားလို႔မရဘူး။ေလယာဥ္လက္မွတ္ဝယ္ၿပီးသြားၿပီ၊ဒါေပမယ့္မသြားျဖစ္လိုက္ဘူး။ဒါကဘဲကြၽန္ေတာ့္ဘဝကိုအေျပာင္းအလဲျဖစ္ေစခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လီဝန္ေဒါ့စကီးဟာဘလက္ဘန္းသို႔မေျပာင္းျဖစ္ခဲ့ေပမယ့္ေဒါ့မြန္သို႔ေပါင္၅သန္းျဖင့္ေျပာင္းခြင့္ရရွိခဲ့ၿပီးယင္းမွာဘဲဥေရာပရဲ႕ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးျဖစ္ခဲ့ကာဘြန္ဒက္စ္လီဂါဖလားႏွစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာယင္းမွတစ္ဆင့္ဘိုင္ယန္သို႔ေျပာင္းခဲ့ၿပီးလက္ရွိအခ်ိန္မွာကမာၻ႔ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ရပ္တည္ေနပါတယ္။