ကာတာကမ္ဘာ့ဖလားတွင် သက်တန့်ရောင်ပါ လိုဂိုသုံးလာမယ့် အမေရိကန်

အမေရိကန်အသင်းဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် LGBT+ အသိုင်းအဝိုင်းကိုထောက်ခံအားပေးတဲ့အနေဖြင့်ဂိုလိုကိုသက်တန့်ရောင်ဖြင့်ချယ်ပြီးအပြောင်းအလဲလုပ်ကာအသုံးပြုလာမည်ဖြစ်ကြောင်းသိရပါတယ်။

လာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုနိုဝင်ဘာလ၂၀ရက်နေ့တွင်စတင်ကျင်းပလာပါမယ်။ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်ကာတာနှင့်အီကွေဒေါတို့ရင်ဆိုင်ကစားကာဖွင့်လှစ်လာမှာလည်းဖြစ်ပါတယ်။

အိမ်ရှင်ကာတာဟာလူ့အခွင့်အရေးချိုးဖောက်မှု၊LGBT ကန့်သတ်မှုတို့ဖြင့်အကြီးအကျယ်ဝေဖန်မှုများခံရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

ယခုလအစောပိုင်းတုန်းကကာတာကမ္ဘာ့ဖလားသံတမန်ခါလစ်ဆယ်မန်းဟာ လိင်တူချစ်သူများအား ဂျာမန်ရုပ်သံ ZDF နှင့်အင်တာဗျူးတွင်ပြောဆိုခဲ့မှုများအတွက်အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။

၎င်းက “ဒီမှာတော့ကျွန်တော်တို့စည်းမျဉ်းဥပဒေတွေကိုလိုက်နာရပါလိမ့်မယ်။လိင်တူဆက်ဆံတာကိုအစ္စလမ်မစ်ဥပဒေအရခွင့်မပြုပါဘူး။ကျွန်တော်ကလည်းတင်းကျပ်တဲ့မွတ်စလင်တစ်ဦးမဟုတ်ပါဘူး။ဒါပေမဲ့ဒီစည်းမျဉ်းကိုသတ်မှတ်ထားရသလဲသိလား။ဒါကစိတ်ဖောက်ပြန်မှုတစ်ခုဖြစ်လို့ပဲ”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်အသင်းဟာလည်း LGBT+ အသိုင်းအဝန်းကိုထောက်ခံတဲ့အနေဖြင့် ယနေ့ ကာတာသို့ သွားရောက်ရာတွင် LGBT Themed ပါဂျက်လေယာဉ်ကိုစီးနင်းသွားလာပါမယ်။

ZawGyi

LGBTQ+ အသိုင္းအဝိုင္းကို ေထာက္ခံတဲ့အေနျဖင့္ ကာတာကမာၻ႔ဖလားတြင္ သက္တန႔္ေရာင္ပါ လိုဂိုသုံးလာမယ့္ အေမရိကန္

အေမရိကန္အသင္းဟာလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ LGBT+ အသိုင္းအဝိုင္းကိုေထာက္ခံအားေပးတဲ့အေနျဖင့္ဂိုလိုကိုသက္တန႔္ေရာင္ျဖင့္ခ်ယ္ၿပီးအေျပာင္းအလဲလုပ္ကာအသုံးျပဳလာမည္ျဖစ္ေၾကာင္းသိရပါတယ္။

လာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုႏိုဝင္ဘာလ၂၀ရက္ေန႔တြင္စတင္က်င္းပလာပါမယ္။ကမာၻ႔ဖလားၿပိဳင္ပြဲကိုအိမ္ရွင္ကာတာႏွင့္အီေကြေဒါတို႔ရင္ဆိုင္ကစားကာဖြင့္လွစ္လာမွာလည္းျဖစ္ပါတယ္။

အိမ္ရွင္ကာတာဟာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊LGBT ကန႔္သတ္မႈတို႔ျဖင့္အႀကီးအက်ယ္ေဝဖန္မႈမ်ားခံရတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။

ယခုလအေစာပိုင္းတုန္းကကာတာကမာၻ႔ဖလားသံတမန္ခါလစ္ဆယ္မန္းဟာ လိင္တူခ်စ္သူမ်ားအား ဂ်ာမန္႐ုပ္သံ ZDF ႏွင့္အင္တာဗ်ဴးတြင္ေျပာဆိုခဲ့မႈမ်ားအတြက္အျပင္းအထန္ေဝဖန္ခံခဲ့ရပါတယ္။

၎က “ဒီမွာေတာ့ကြၽန္ေတာ္တို႔စည္းမ်ဥ္းဥပေဒေတြကိုလိုက္နာရပါလိမ့္မယ္။လိင္တူဆက္ဆံတာကိုအစၥလမ္မစ္ဥပေဒအရခြင့္မျပဳပါဘူး။ကြၽန္ေတာ္ကလည္းတင္းက်ပ္တဲ့မြတ္စလင္တစ္ဦးမဟုတ္ပါဘူး။ဒါေပမဲ့ဒီစည္းမ်ဥ္းကိုသတ္မွတ္ထားရသလဲသိလား။ဒါကစိတ္ေဖာက္ျပန္မႈတစ္ခုျဖစ္လို႔ပဲ”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္အသင္းဟာလည္း LGBT+ အသိုင္းအဝန္းကိုေထာက္ခံတဲ့အေနျဖင့္ ယေန႔ ကာတာသို႔ သြားေရာက္ရာတြင္ LGBT Themed ပါဂ်က္ေလယာဥ္ကိုစီးနင္းသြားလာပါမယ္။