အနိုင်ရဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး

ဗုဒ္ဓဟူးည ပြင်သစ်လီဂူး ပွဲစဉ်-၇ ပွဲကြိုသုံးသပ်ချက်

လိုင်လီ နှင့် ရင်းစ် (ည ၁၁း၃၀)(ဖိုးရာဇာ)

ဒီရာသီပြိုင်ပွဲစုံစုစုပေါင်း၇ပွဲမှာနိုင်ပွဲဆိုလို့ ရှားရှားပါးပါးတစ်ပွဲတည်းသာရယူထားနိုင်တဲ့လိုင်လီရဲ့ခြေစွမ်းကစိတ်ပျက်စရာကောင်းလွန်းလှတယ်။အမှားများတဲ့ခံစစ်ကြောင်းကိုလိုင်လီအသင်းကြိုးစားပြင်ဆင်နေရချိန်မှာတိုက်စစ်ကလည်းဘယ်သူ့ကိုအားကိုးလို့ကိုးရမှန်းမသိ ဖြစ်လာတယ်။

ရင်းစ်ကတော့ဒီရာသီပြင်သစ်လီဂူး ၆ပွဲကစားပြီးချိန်မှာပီအက်စ်ဂျီတစ်သင်းတည်းကိုပဲအရေးနိမ့်ထားတဲ့အသင်းပါ။စုဖွဲ့ကစားအား ထက်မြက်တဲ့ရင်းစ်ကို လိုင်လီအနိုင်ရဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

zawgyi




