လိုင်လီရဲ့သွင်းဂိုးတွေကိုပဲ စောင့်ကြည့်ရေတွက်ရမယ့်ပွဲ

တနင်္ဂနွေည ပြင်သစ်လီဂူး ပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

လိုင်လီ နှင့် စိန့်အီတီယန်နီ (ည ၁း၃၀)(ဖိုးရာဇာ)

လိုင်လီရဲ့နောက်ဆုံး ၃ပွဲဆက်တိုက်ပထမပိုင်းမှာရောဒုတိယပိုင်းမှာပါသွင်းဂိုးတွေဖြစ်ပေါ်ခဲ့တယ်။ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ လက်ကျန် ၂ပွဲစလုံးအနိုင်ရရှိဖို့ လိုအပ်နေတာကြောင့် အခုပွဲကို ဗိုလ်လုပွဲတစ်ပွဲလို လိုင်လီ ဖောင်ဖျက်တိုက်ပွဲဝင်လာပါလိမ့်မယ်။

လက်ရှိမှာယယ်မက်ဇ်၊ ဒေးဗစ်တို့ရဲ့လိုင်လီတိုက်စစ်က ဂိုးသွင်းအားကောင်းနေပြီးခံစစ်နဲ့ကွင်းလယ်ကလည်းတဖြည်းဖြည်း အချိတ်အဆက်မိလုံခြုံလာပါတယ်။

စိန့်အီတီယန်နီကတော့နိုင်ပွဲတွေပြန်ဆက်လာပေမယ့်ခံစစ်နဲ့ကွင်းလယ်တည်ငြိမ်မှုမရှိဘဲတန်းတင်ကျန်ရစ်ပြီးသားဖြစ်လို့အမှတ်လည်းလိုအပ်မှုမရှိတော့ပါဘူး။လိုင်လီရဲ့သွင်းဂိုးတွေကိုပဲစောင့်ကြည့်ရေတွက်ရမယ့်ပွဲပါ။

zawgyi




