လင်ဂတ်မှာလက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဟုဖာနန်ဒက်စ်ပြော

ဘရူနိုဖာနန်ဒက်စ်ကမန်ယူကစားဖော်ဂျက်စီလင်ဂတ်မှာလက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

လင်ဂတ်ဟာမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားလက်ထက်တွင်နေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကဝက်စ်ဟမ်းသို့အငှားဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

သူဟာဝက်စ်ဟမ်းသို့ပြောင်းရွှေ့ပြီးနောက်မန်ယူနည်းပြဟောင်းဒေးဗစ်မိုယက်စ်လက်အောက်တွင်နေရာရရှိရန်ရုန်းကန်နေရပါတယ်။

လင်ဂတ်ဟာဝက်စ်ဟမ်းအတွက်ပရီးမီးယားလိဂ်ပွဲ၁၃ပွဲကစားထားရာမှာ၉ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်လည်းလင်ဂတ်ဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုငျပှဲတှငျဂရမေီဆောကျဂိတျရဲ့အငျ်ဂလန်အသင်းတွင်ပါဝင်ခွင့်ရရှိလာမယ်လို့ယူဆရပါတယ်။

အသက်၂၆နှစ်ရှိပေါ်တူဂီလက်ရွေးစင်ကစားသမားက “ဂျက်စီကိုကြည့်ဖြစ်တယ်ဆိုရင်၊ဂျက်စီအကြောင်းကိုတွေးကြည့်လိုက်တယ်။သူ့ကစားတဲ့နောက်ဆုံး၁၀ပွဲကိုကစားတာကိုကြည့်ရင်သူ့ဟာတကယ့်ကိုထိပ်တန်းအဆင့်မှာကစားနေတာကိုမြင်ရပါလိမ့်မယ်။ကျွန်တော့်အတွက်ကတော့ခင်ဗျားသာနောက်ဆုံးပရီးမီးယားလိဂ်၁၀ပွဲကိုကြည့်ခဲ့တယ်ဆိုရင်သူဟာပွဲတိုင်းဂိုးသွင်း၊ဖန်တီးမှုတွေလုပ်နိုင်တဲ့ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဖြစ်နေတာကိုမြင်ရပါလိမ့်မယ်။အားလုံးကသူ့ခြေစွမ်းကြောင့်ပျော်နေကြပါတယ်။သူ့ယုံကြည်မှုတွေပြန်ရနေပါတယ်။သူ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပျော်နေကြပါတယ်”လို့ပြောကြားသွားပါတယ်။

လင်ဂတ်ဟာဝက်စ်ဟမ်းသို့မပြောင်းရွှေ့မီမန်ယူနှင့်၂၀၂၂ခုနှစ်တွင်မှစာချုပ်သက်တမ်းကုန်ဆုံးမယ့်စာချုပ်အားသက်တမ်းတိုးချုပ်ဆိုခဲ့ပါတယ်။သူ့ကိုပီအက်စ်ဂျီ၊ရီးရဲလ်မက်ဒရစ်၊အင်တာမီလန်တို့ကခေါ်ယူရန်စိတ်ဝင်စားလျက်ရှိပါတယ်။

zawgyi





လင်ဂတ်ဟာဝက်စ်ဟမ်းအတွက်ပရီးမီးယားလိဂ်ပွဲ၁၃ပွဲကစားထားရာမှာ၉ဂိုးသွင်းယူပြီး၎ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်လည်းလင်ဂတ်ဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုငျပှဲတှငျဂရမေီဆောကျဂိတျရဲ့အင်ျဂလန်အသင်းတွင်ပါဝင်ခွင့်ရရှိလာမယ်လို့ယူဆရပါတယ်။

