”ဂိုးပြတ်ချေမှုန်းမယ့် လစ်ဇစ်”

သောကြာည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်

လစ်ဇစ် နှင့် အော့စ်ဘတ် (ည ၂:၀၀)(မော်ကွန်း)

ဘွန်ဒက်စ်လီဂါနောက်ဆုံး ၆ပွဲမှာရှုံးပွဲ ၅ပွဲအထိရင်ဆိုင်ထားရတဲ့အော့စ်ဘတ်ရဲ့ခြေစွမ်းကယုံကြည်ချင်စရာနည်းနည်းလေးတောင်မရှိဘူး။တန်းဆင်းဇုန်ကို မျက်စောင်းထိုးလာတဲ့အော့စ်ဘတ်ဟာခံစစ်ပိုင်းယိုယွင်းလွန်းပြီးအခုဆိုရင်ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကပါအားပျော့လာတယ်။

လစ်ဇစ်ကတော့ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားဒုတိယနေရာရပ်တည်နေပြီးခံစစ်ပိုင်းလုံခြုံလွန်းတဲ့အပြင်ကွင်းလယ်မာတဲ့အသင်းပါ။တိုက်စစ်ပိုင်းမှာ ဖော့စ်ဘတ်နာနေပေမယ့်လည်းဆာဘစ်ဇာ၊ ပေါလ်ဆန်၊ အိုမို၊ အိန်ဂျလီနိုတို့ရှိနေလို့ ဂိုးသွင်းနိုင်ဖို့ စိတ်ပူစရာမလိုပါဘူး။

နှစ်သင်းကြားခြေစွမ်းကွာခြားလွန်းပြီးအိမ်ရှင်အားသာချက်လည်းရှိလို့ လစ်ဇစ်ဂိုးပြတ်နိုင်မှာပါ။၂+၅၀ အကျောပေးထားမှုမှာဂိုးပြတ်ချေမှုန်းမယ့်လစ်ဇစ်ကို အားပေးတာစိတ်ချမ်းသာရလိမ့်မယ်။

zawgyi




