”အဇူရီမိုးကောင်းကင်ကြီး သာသာယာယာ”

ဗုဒ္ဓဟူးည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လစ်သူရေးနီးယား နှင့် အီတလီ (ည ၁:၁၅)(မြန်မာပြည်ဂုရု)

ခြေစမ်းပွဲမှာကိုဆိုဗိုကိုတောင်ဂိုးပြတ်ရှုံးလိုက်တဲ့လစ်သူရေးနီးယားရဲ့ခြေစွမ်းကစိတ်ပျက်စရာပါ။ ခြေစစ်ပွဲစတင်တော့လည်းဆွစ်ဇာလန်ကို အရေးနိမ့်ရပြန်တယ်။

ဒီလိုမျိုးခြေစွမ်းယိုယွင်းနေချိန်မှာအစဉ်အလာအရငယ်ကြောက်ဖြစ်ခဲ့ရတဲ့အီတလီကိုအံတုယှဉ်ပြိုင်ဖို့ဆိုတာလစ်သူရေးနီးယားအတွက်ဘယ်လိုမှကိုမဖြစ်နိုင်ပါဘူး။

လုံခြုံလွန်းတဲ့အီတလီခံစစ်ကြောင်းကိုအိမ်ရှင်တိုက်စစ်ကဂိုးမပေးရအောင်ထိန်းချုပ်ဟန့်တားနိုင်ပါလိမ့်မယ်။အင်မိုဘိုင်း၊ ဘီလော့တီတို့ရဲ့အီတလီတိုက်စစ်ကလည်း အိမ်ရှင်ခံစစ်ကြောင်းကို ပွဲချိန်ပြည့် ထိုးဖောက်ဂိုးသွင်းပြီး အခက်တွေ့စေမှာပါ။

၃ဂိုးပြတ်နိုင်ဖို့အထိ လိုအပ်နေပေမယ့်လည်း ခြေစွမ်းနဲ့ လူအင်အား အဆမတန်သာလွန်တဲ့ အီတလီကိုပဲကြိုက်တယ်။ အဇူရီမိုးကောင်းကင်ကြီး သာသာယာယာရှိမှာပါ။

zawgyi




