ပေါင်ကြွက်သားဒဏ်ရာကြောင့် ရာသီအကုန်အထိ နားရတော့မဲ့ လီဗာပူးကွင်းလယ်ကစားသမားဘာဂျစ်တစ်

လီဗာပူးအလယ်တန်းကစားသမားစတီဖင်ဘာဂျစ်တစ်ဟာပေါင်ဒဏ်ရာကြောင့်ရာသီအကုန်အထိအနားယူရတော့မည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၁၈နှစ်အရွယ်ရှိစပိန်အလယ်တန်းကစားသမားဟာယခုရာသီတွင်လီဗာပူးပထမအသင်းသို့ထိုးဖောက်ဝင်ရောက်လာပြီးနောက်၁၉ပွဲအထိကစားခွင့်ရရှိထားကာဒီဇင်ဘာလတုန်းကဗီလာနှင့်ပွဲတွင်ပထမဆုံးစီနီယာဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာဗုဒ္ဓဟူးနေ့တုန်းကဘာနေဗျူးကွင်းတွင်ရီးရဲလ်မက်ဒရစ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဘာဂျစ်တစ်က “အံ့ဩစရာကောင်းတဲ့ရာသီကိုလက်ပြနှုတ်ဆက်လိုက်ရလို့တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ဒါပေမဲ့ဒါကဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုဆိုတာနားလည်ပါတယ်။ဒါကြောင့်စိတ်ဓာတ်ပိုင်းနဲ့ကြံ့ခိုင်မှုပိုင်းပိုကောင်းလာစေပါလိမ့်မယ်။တစ်ရာသီလုံးအားပေးလာကြတဲ့လီဗာပူးပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာမယ်လို့ကတိပြုပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ ရာသီအကုန္အထိ နားရေတာ့မဲ့ လီဗာပူးကြင္းလယ္ကစားသမားဘာဂ်စ္တစ္

လီဗာပူးအလယ္တန္းကစားသမားစတီဖင္ဘာဂ်စ္တစ္ဟာေပါင္ဒဏ္ရာေၾကာင့္ရာသီအကုန္အထိအနားယူရေတာ့မည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၁၈ႏွစ္အ႐ြယ္ရွိစပိန္အလယ္တန္းကစားသမားဟာယခုရာသီတြင္လီဗာပူးပထမအသင္းသို႔ထိုးေဖာက္ဝင္ေရာက္လာၿပီးေနာက္၁၉ပြဲအထိကစားခြင့္ရရွိထားကာဒီဇင္ဘာလတုန္းကဗီလာႏွင့္ပြဲတြင္ပထမဆုံးစီနီယာဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာဗုဒၶဟူးေန႔တုန္းကဘာေနဗ်ဴးကြင္းတြင္ရီးရဲလ္မက္ဒရစ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္မီေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိသြားခဲ့ပါတယ္။

ဘာဂ်စ္တစ္က “အံ့ဩစရာေကာင္းတဲ့ရာသီကိုလက္ျပႏႈတ္ဆက္လိုက္ရလို႔တကယ္ပဲစိတ္မေကာင္းျဖစ္မိပါတယ္။ဒါေပမဲ့ဒါကေဘာလုံးရဲ႕အစိတ္အပိုင္းတစ္ခုဆိုတာနားလည္ပါတယ္။ဒါေၾကာင့္စိတ္ဓာတ္ပိုင္းနဲ႔ႀကံ့ခိုင္မႈပိုင္းပိုေကာင္းလာေစပါလိမ့္မယ္။တစ္ရာသီလုံးအားေပးလာၾကတဲ့လီဗာပူးပရိသတ္ေတြကိုေက်းဇူးတင္ပါတယ္။ပိုေကာင္းတဲ့ပုံစံနဲ႔ျပန္လာမယ္လို႔ကတိျပဳပါတယ္”လို႔ေျပာၾကားသြားပါတယ္။