၁ပေါင်လောင်းပြီးပေါင်၃၇၄၀၀၀ရရှိသွားတဲ့ သူတစ်ဦး

လီဗာပူးမှဘောလုံးခန့်မှန်းသူတစ်ဦးဟာကွဲပြားတဲ့လိဂ်လေးခုမှပွဲ၇ပွဲရလဒ်ကိုမှန်ကန်အောင်ခန့်မှန်းလောင်းကြေးထပ်နိုင်ခဲ့မှုနဲ့အတူ၁ပေါင်တည်းသာလောင်းပြီးပေါင်၃၇၄၀၀၀ရရှိသွားခဲ့ကြောင်းသိရပါတယ်။အမည်မသိလောင်းကြေးထပ်သူတစ်ဦးဟာကွဲပြားတဲ့လိဂ်လေးခုမှပွဲ၇ပွဲရဲ့ရလဒ်ကိုတိကျမှန်ကန်စွာခန့်မှန်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူလောင်းကြေးထပ်ခဲ့တဲ့ပွဲတစ်ပွဲကပေါ်တူဂီမှဖြစ်ပြီးစပို့တင်းလစ္စဘွန်းကနေစီယွန်နယ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲဖြစ်ပါတယျ။ယငျးပှဲမှာစပို့တငျးလစ်စဘွန်းဟာအနိုင်ဂိုး၂ဂိုးလုံးကိုပွဲပြီးခါနီး၁၀မိနစ်အတွင်းမှာသွင်းယူခဲ့တာဖြစ်ပါတယ်။

နောက်တစ်ပွဲကအီတလီမှဖြစ်ပြီးအင်တာမီလန်ကခရိုတုန်းကို၂-၀ဂိုးဖြင့်အနိုင်ယူကာဆယ်စုနှစ်တစ်ခုကျော်အတွင်းပထမဆုံးစကူဒက်တိုဖလားကိုဆွတ်ခူးနိုင်စေခဲ့တဲ့ပွဲဖြစ်ပါတယ်။ဒါ့အပြင်မီလန်ကဘီနီဗန်တိုကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲလည်းပါဝင်ပါတယ်။အင်္ဂလန်မှာလောင်းကြေးထပ်ခဲ့တာကတော့မန်စီးတီး၂-၀ပဲလေ့စ်၊ချဲလ်ဆီး၂-၀ဖူလ်ဟမ်တို့ကိုလောင်းကြေးထပ်ခဲ့တာပါ။

သူလောင်းကြေးထပ်ခဲ့တဲ့ပွဲမှာစီရီယပ်စ်၁-၁ကယ်လ်မာနှင့်ဟမ်မာဘီ၁-၁ဟစ်ကင်တို့လည်းပါဝင်ပါတယ်။သူဟာဆုကြေးပေါင်၃၇၄၀၀၀အထိအနိုင်ရရှိခဲ့ပေမယ့်လည်းသူ့အမည်ကိုဖော်ပြလိုခြင်းမရှိပါဘူး။ဒါပေမယ့်သူကလီဗာပူးမှာနေထိုင်သူဖြစ်ပြီးအသက်၅၀ကျော်အရွယ်ဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

 

zawgyi

၁ေပါင္ေလာင္းၿပီးေပါင္၃၇၄၀၀၀ရရွိသြားတဲ့ သူတစ္ဦး

လီဗာပူးမွေဘာလုံးခန႔္မွန္းသူတစ္ဦးဟာကြဲျပားတဲ့လိဂ္ေလးခုမွပြဲ၇ပြဲရလဒ္ကိုမွန္ကန္ေအာင္ခန႔္မွန္းေလာင္းေၾကးထပ္ႏိုင္ခဲ့မႈနဲ႔အတူ၁ေပါင္တည္းသာေလာင္းၿပီးေပါင္၃၇၄၀၀၀ရရွိသြားခဲ့ေၾကာင္းသိရပါတယ္။

အမည္မသိေလာင္းေၾကးထပ္သူတစ္ဦးဟာကြဲျပားတဲ့လိဂ္ေလးခုမွပြဲ၇ပြဲရဲ႕ရလဒ္ကိုတိက်မွန္ကန္စြာခန႔္မွန္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

သူေလာင္းေၾကးထပ္ခဲ့တဲ့ပြဲတစ္ပြဲကေပၚတူဂီမွျဖစ္ၿပီးစပို႔တင္းလစၥဘြန္းကေနစီယြန္နယ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲျဖစ္ပါတယ်။ယင်းပွဲမွာစပို႔တင်းလစ္စဘြန္းဟာအႏိုင္ဂိုး၂ဂိုးလုံးကိုပြဲၿပီးခါနီး၁၀မိနစ္အတြင္းမွာသြင္းယူခဲ့တာျဖစ္ပါတယ္။

ေနာက္တစ္ပြဲကအီတလီမွျဖစ္ၿပီးအင္တာမီလန္ကခ႐ိုတုန္းကို၂-၀ဂိုးျဖင့္အႏိုင္ယူကာဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္းပထမဆုံးစကူဒက္တိုဖလားကိုဆြတ္ခူးႏိုင္ေစခဲ့တဲ့ပြဲျဖစ္ပါတယ္။ဒါ့အျပင္မီလန္ကဘီနီဗန္တိုကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲလည္းပါဝင္ပါတယ္။အဂၤလန္မွာေလာင္းေၾကးထပ္ခဲ့တာကေတာ့မန္စီးတီး၂-၀ပဲေလ့စ္၊ခ်ဲလ္ဆီး၂-၀ဖူလ္ဟမ္တို႔ကိုေလာင္းေၾကးထပ္ခဲ့တာပါ။

သူေလာင္းေၾကးထပ္ခဲ့တဲ့ပြဲမွာစီရီယပ္စ္၁-၁ကယ္လ္မာႏွင့္ဟမ္မာဘီ၁-၁ဟစ္ကင္တို႔လည္းပါဝင္ပါတယ္။

သူဟာဆုေၾကးေပါင္၃၇၄၀၀၀အထိအႏိုင္ရရွိခဲ့ေပမယ့္လည္းသူ႔အမည္ကိုေဖာ္ျပလိုျခင္းမရွိပါဘူး။ဒါေပမယ့္သူကလီဗာပူးမွာေနထိုင္သူျဖစ္ၿပီးအသက္၅၀ေက်ာ္အ႐ြယ္ျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။