လီဗာပူးနှင့်မန်ယူပစ်မှတ်ကစားသမားပြောင်းရွှေ့ခွင့်တောင်းဆို

လီဗာပူးနှင့်မန်ယူတို့ရဲ့နွေရာသီအပြောင်းအရွှေ့နံပါတ်တစ်ပစ်မှတ်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ကစားသမားဟာသူလက်ရှိကစားနေတဲ့ကလပ်ထံသို့အသင်းပြောင်းခွင့်ပေးရန်တောင်းဆိုလာကြောင်းသိရပါတယ်။

ဂျာဂင်ကလော့ပ်နှင့်အိုလီဂန်းနားဆိုးလ်ရှားတို့ဟာလာမယ့်ဘောလုံးရာသီအတွက်နွေရာသီအပြောင်းအရွှေ့တွင်အသင်းကိုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်စီစဉ်နေကြပါတယ်။နည်းပြနှစ်ဦးစလုံးဟာယခုရာသီတွင်ဘရိုက်တန်နှင့်အတူခြေစွမ်းပြကစားနေတဲ့အီးစ်ဘစ်ဆူမာကိုခေါ်ယူလိုနေကြတာဖြစ်ပါတယ်။

ယင်းကဲ့သို့ထိပ်သီးကလပ်နှစ်ခုတို့ရဲ့အထူးစိတ်ဝင်စားခြင်းခံနေရမှုနဲ့အတူဘစ်ဆူမာဟာဘရိုက်တန်အသင်းတာဝန်ရှိသူများထံသို့လာမယ့်နွေရာသီမှာအသင်းပြောင်းခွင့်တောင်းဆိုလာပြီလည်းဖြစ်ပါတယ်။

The Times သတင်းစာရဲ့ဖော်ပြချက်အရစွမ်းဆောင်ရည်မြင့်ကွင်းလယ်ကစားသမားရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးမှာပေါင်သန်း၃၀ဝန်းကျင်ဖြစ်လာဖို့ရှိနေကြောင်းသိရပါတယ်။

အသက်၂၄နှစ်ရှိမာလီလက်ရွေးစင်ကစားသမားဟာ၂၀၁၈ခုနှစ်တုန်းကဘရိုက်တန်သို့ပြောင်းရွှေ့ကြေးပေါင်၁၅သန်းဖြင့်ရောက်လာသူဖြစ်ပြီးဘရိုက်တန်နှင့်စာချုပ်၂နှစ်ကျန်ရှိနေပါသေးတယ်။ယင်းသို့အခြေအနေကြောင့်ဘရိုက်တန်အနေဖြင့်နွေရာသီတွင်ဘစ်ဆူမာကိုပေါင်သန်း၃၀ဖြင့်ရောင်းချရမည်ဆိုပါကအမြတ်များစွာရရှိလာမှာဖြစ်ပါတယ်။

zawgyi

လီဗာပူးႏွင့္မန္ယူပစ္မွတ္ကစားသမား အသင္းေျပာင္းေ႐ႊ႕ခြင့္ေတာင္းဆိုလာ

လီဗာပူးႏွင့္မန္ယူတို႔ရဲ႕ေႏြရာသီအေျပာင္းအေ႐ႊ႕နံပါတ္တစ္ပစ္မွတ္အျဖစ္သတ္မွတ္ျခင္းခံထားရတဲ့ကစားသမားဟာသူလက္ရွိကစားေနတဲ့ကလပ္ထံသို႔အသင္းေျပာင္းခြင့္ေပးရန္ေတာင္းဆိုလာေၾကာင္းသိရပါတယ္။

ဂ်ာဂင္ကေလာ့ပ္ႏွင့္အိုလီဂန္းနားဆိုးလ္ရွားတို႔ဟာလာမယ့္ေဘာလုံးရာသီအတြက္ေႏြရာသီအေျပာင္းအေ႐ႊ႕တြင္အသင္းကိုျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ရန္စီစဥ္ေနၾကပါတယ္။

နည္းျပႏွစ္ဦးစလုံးဟာယခုရာသီတြင္ဘ႐ိုက္တန္ႏွင့္အတူေျခစြမ္းျပကစားေနတဲ့အီးစ္ဘစ္ဆူမာကိုေခၚယူလိုေနၾကတာျဖစ္ပါတယ္။

ယင္းကဲ့သို႔ထိပ္သီးကလပ္ႏွစ္ခုတို႔ရဲ႕အထူးစိတ္ဝင္စားျခင္းခံေနရမႈနဲ႔အတူဘစ္ဆူမာဟာဘ႐ိုက္တန္အသင္းတာဝန္ရွိသူမ်ားထံသို႔လာမယ့္ေႏြရာသီမွာအသင္းေျပာင္းခြင့္ေတာင္းဆိုလာၿပီလည္းျဖစ္ပါတယ္။

The Times သတင္းစာရဲ႕ေဖာ္ျပခ်က္အရစြမ္းေဆာင္ရည္ျမင့္ကြင္းလယ္ကစားသမားရဲ႕ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးမွာေပါင္သန္း၃၀ဝန္းက်င္ျဖစ္လာဖို႔ရွိေနေၾကာင္းသိရပါတယ္။

အသက္၂၄ႏွစ္ရွိမာလီလက္ေ႐ြးစင္ကစားသမားဟာ၂၀၁၈ခုႏွစ္တုန္းကဘ႐ိုက္တန္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၅သန္းျဖင့္ေရာက္လာသူျဖစ္ၿပီးဘ႐ိုက္တန္ႏွင့္စာခ်ဳပ္၂ႏွစ္က်န္ရွိေနပါေသးတယ္။

ယင္းသို႔အေျခအေနေၾကာင့္ဘ႐ိုက္တန္အေနျဖင့္ေႏြရာသီတြင္ဘစ္ဆူမာကိုေပါင္သန္း၃၀ျဖင့္ေရာင္းခ်ရမည္ဆိုပါကအျမတ္မ်ားစြာရရွိလာမွာျဖစ္ပါတယ္။