
လီဗာပူးဟာမနေ့ညတုန်းကဘရိုက်တန်ကို၃-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်နည်းပြဂျာဂင်ကလော့ပ်လက်အောက်တွင်၇ရာသီကစားစဉ်အတွင်းအဆိုးရွားဆုံးရာသီပိုင်ဆိုင်နေရပြီဖြစ်ပါတယ်။
လီဗာပူးဟာမနေ့ညတုန်းကဘရိုက်တန်ကိုရှုံးနိမ့်မှုကြောင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၉နေရာသို့အထိဆင်းသွားခဲ့ရပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၁၆မှတ်အထိကွာဟနေပါတယ်။
လီဗာပူးဟာယခုရာသီတွင်ရမှတ်၂၆မှတ်ဆုံးရှုံးထားရပြီးဖြစ်ကာ၂၀၂၁-၂၂ရာသီတစ်ရာသီလုံးရမှတ်ဆုံးရှုံးရမှုထက်၄မှတ်ပိုများနေပါသေးတယ်။
လီဗာပူးဟာယခုရာသီတွင်သွင်းဂိုး၃၅ဂိုး၊ပေးဂိုး၂၅ဂိုး၊ဂိုးကွာခြားမှု၉ဂိုး၊ရမှတ်၂၈မှတ်တည်းသာရရှိထားမှုကြောင့်ကလော့ပ်လက်ထက်ပရီးမီးယားလိဂ်ပွဲ၁၈ပွဲကစားပြီးချိန်တွင်အဆိုးရွားဆုံးအခြေအနေနှင့်ရင်ဆိုင်နေရပါတယ်။
ဘရိုက်တန်ကိုရှုံးနိမ့်တဲ့ပွဲအပြီးမှာတော့ကလော့ပ်ကတော့ “ဆိုးတယ်။တော်တော်ဆိုးတယ်။အဆိုးဆုံးပွဲကိုတောင်မမှတ်မိတော့ဘူး။ဘရိုက်တန်ကစားတာကောင်းတယ်။အနိုင်နဲ့ထိုက်တန်တယ်။စုစုစည်းစည်းကစားတဲ့အသင်းနဲ့ဖရိုဖရဲအသင်းတို့ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ကျွန်တော်တို့အရမ်းကိုစိုးရိမ်နေခဲ့ကြတယ်။ဒီလိုမျိုးပွဲတစ်ပွဲကြုံလာတဲ့အချိန်မှာကျွန်တော်တို့အတွေးထဲမှာဘာတွေများရှိနေမှာလဲ”လို့ပြောကြားသွားပါတယ်။
ZawGyi
ဘ႐ိုက္တန္ကို ရႈံးနိမ့္ၿပီးေနာက္ ကေလာ့ပ္လက္ထက္ ၇ ႏွစ္အတြင္း အဆိုး႐ြားဆုံးရာသီႀကဳံေနရတဲ့ လီဗာပူး
လီဗာပူးဟာမေန႔ညတုန္းကဘ႐ိုက္တန္ကို၃-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္နည္းျပဂ်ာဂင္ကေလာ့ပ္လက္ေအာက္တြင္၇ရာသီကစားစဥ္အတြင္းအ ဆိုး႐ြားဆုံးရာသီပိုင္ဆိုင္ေနရၿပီျဖစ္ပါတယ္။
လီဗာပူးဟာမေန႔ညတုန္းကဘ႐ိုက္တန္ကိုရႈံးနိမ့္မႈေၾကာင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၉ေနရာသို႔အထိဆင္းသြားခဲ့ရၿပီးထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၁၆မွတ္အထိကြာဟေနပါတယ္။
လီဗာပူးဟာယခုရာသီတြင္ရမွတ္၂၆မွတ္ဆုံးရႈံးထားရၿပီးျဖစ္ကာ၂၀၂၁-၂၂ရာသီတစ္ရာသီလုံးရမွတ္ဆုံးရႈံးရမႈထက္၄မွတ္ပိုမ်ားေနပါေသးတယ္။
လီဗာပူးဟာယခုရာသီတြင္သြင္းဂိုး၃၅ဂိုး၊ေပးဂိုး၂၅ဂိုး၊ဂိုးကြာျခားမႈ၉ဂိုး၊ရမွတ္၂၈မွတ္တည္းသာရရွိထားမႈေၾကာင့္ကေလာ့ပ္လက္ထက္ ပရီးမီးယားလိဂ္ပြဲ၁၈ပြဲကစားၿပီးခ်ိန္တြင္အဆိုး႐ြားဆုံးအေျခအေနႏွင့္ရင္ဆိုင္ေနရပါတယ္။
ဘ႐ိုက္တန္ကိုရႈံးနိမ့္တဲ့ပြဲအၿပီးမွာေတာ့ကေလာ့ပ္ကေတာ့ “ဆိုးတယ္။ေတာ္ေတာ္ဆိုးတယ္။အဆိုးဆုံးပြဲကိုေတာင္မမွတ္မိေတာ့ဘူး။ဘ႐ိုက္တန္ကစားတာေကာင္းတယ္။အႏိုင္နဲ႔ထိုက္တန္တယ္။စုစုစည္းစည္းကစားတဲ့အသင္းနဲ႔ဖ႐ိုဖရဲအသင္းတို႔ထိပ္တိုက္ေတြ႕ခဲ့ၾကတာပါ။ကြၽန္ေတာ္တို႔အရမ္းကိုစိုးရိမ္ေနခဲ့ၾကတယ္။ဒီလိုမ်ိဳးပြဲတစ္ပြဲႀကဳံလာတဲ့အခ်ိန္မွာကြၽန္ေတာ္တို႔အေတြးထဲမွာဘာေတြမ်ားရွိေနမွာလဲ”လို႔ေျပာ ၾကားသြားပါတယ္။