ချစ်စွာသောချဲလ်ဆီးဧည့်သည်ရေ..

Play Maker 3D

◼️ Nကြယ်မင်း၊ ဟန်စိုးသွေး၊ မင်းနဒီ(Change)

Liverpool – Chelsea  (Liverpool (-30)

ဒီအချိန်မှာအသင်းတစ်သင်းရဲ့အရင်းအမြစ်ကိုအတိအကျပြောလို့မရနိုင်တဲ့အပိုင်းတွေရှိနေပါတယ်။ အပြောင်းအရွှေ့ကာလပိတ်သိမ်းဖို့နီးကပ်လာပြီဖြစ်တာကြောင့်ကစားသမားသစ်တွေဝင်ရောက်လာမှုကအချိန်မရွေးဖြစ်ပေါ်နိုင်ခဲ့တာပါ။ဒါကြောင့် အသင်းတစ်သင်းကိုအားကြီးနဲ့ရိုက်ချလိုက်သလိုအရေးအသားမျိုးတွေကျနော်တို့သတိထားကြရပါလိမ့်မယ်။

ဆိုပါစို့၊ရော်နယ်ဒိုဟာသတင်းရင်းမြစ်တွေအတိုင်းမန်စီးတီးကိုတကယ်ရောက်လာတော့မှာလားဆိုတာမျိုးကစောင့်မကြည့်လို့မရပါဘူး။ဒီနေ့ပဲဟာရီကိန်းကစပါးမှာဆက်ရှိနေမယ့်အကြောင်းဖွင့်ဟပြောဆိုခဲ့ပါတယ်။ မန်စီးတီးနဲ့ ဝုဗ်တို့ကို (1-0)နဲ့အနိုင်ရပြီးနူနိုဆန်တိုနဲ့အရှိန်ရနေတဲ့အသင်းအတွက်အဲ့ဒါကသိပ်အရေးကြီးပါတယ်။

အဲ့ဒီမှာနူနိုဆန်တိုတပည့်ကျော်ထရာအိုရေးသာဗြုန်းစားကြီးရောက်ချလာရင်စပါးဟာအများကြီးပြောင်းလဲသွားနိုင်တာမျိုးတွေသတိပြုရပါမယ်။ဒါပေမဲ့အဲ့ဒါကသူတို့အပေါ်ကျနော်တို့ရဲ့ထင်ဟပ်ချက်မျှသာဖြစ်ပါတယ်။ နိုင်ငံတကာပွဲတွေဝင်မလာခင်ဒီတစ်ပတ်မှာတော့ဘယ်လူစွမ်းကောင်းသစ်တွေမှဝင်ကစားကြမှာတော့မဟုတ်ပါဘူး။ ဒါကြောင့်လီဗာပူးသည်လည်းအရင်လီဗာငှက်များပျံသန်းရာလေကြောင်းအတိုင်း၊ ချဲလ်ဆီးသည်လည်းသူ့တံတားပေါ်ကသု့အသံကိုထုတ်လွှင့်လို့ ရင်ဆိုင်ကစားကြပါလိမ့်မယ်။ ဒါပေါ့၊ ဒီပွဲမှာဘယ်အသင်းများအနိုင်ရသွားမှာပါလိမ့်..။

◼️Nကြယ်မင်း

လီဗာပူးအလင်းရောင်ဟာခင်ဗျားတီဗီကိုဆန်းသစ်သွေးသားဖြစ်ပေါ်စေပါတယ်။ နှစ်ပွဲလုံးအနိုင်ရရှိပြီးနှစ်ပွဲလုံးဂိုးမပေးခဲ့တာက စပြောရင်ကောင်းမလား။ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဖာမီနို၊ ဘယ်သူမဆိုဂိုးအရိပ်အခြေတောက်ပကောင်းမွန်နေတာကစလိုက်ရင်ပိုပြီးပွင့်လင်းမြင်သာဖြစ်မလား။ ဗန်ဒိုက်ပါဝင်သောအန်ဖိးလ်မာရသွန်ကပိုပြီးခွန်အားဖြစ်စေမလားပေါ့။ပြောလို့ရတာတွေသိပ်များပါတယ်။

ဒါပေမဲ့ဝစ်ချ်နယ်ဒန်မရှိတော့တဲ့ကွင်းလယ်ပိုင်းကပြန်လည်ကာစမ်းသပ်နေရတာတွေဟာဂိုက်မကျလှသေးပါဘူး။ဆီမီကက်နဲ့ အဲလိယော့တို့လိုလူငယ်လေးတွေနဲ့ ဖြစ်ဖဲတက်ကိုင်နေရတာကအနာဂတ်အတွက်မဆိုးပါဘူး။ အခုလိုပွဲကြီးမျိုးမှာအသုံး တည့်နိုင်ပါ့မလားသံသယထားရှိချင်စရာဖြစ်ပါတယ်။ဒီမှာသူနိုင်စားခဲ့တဲ့အသင်းတွေကနောဝစ်ချ်နဲ့ဘန်လေတို့ဖြစ်နေတာလည်းထည့်တွက်ရပါလိမ့်မယ်။ လီဗာပူးကအဲ့ဒီလိုလီဗာပူး။

တစ်ဆက်တည်းပြောရရင်ချဲလ်ဆီးကအဲ့ဒီနေရာမှာသူတို့ထက်ပိုသောပျံသန်းနှုန်းရှိပါတယ်။ ခြေစမ်းပွဲတွေမှာအာဆင်နယ်ကိုအနိုင်၊ စပါးကိုသရေ၊ Super Cup မှာ ဗီလာရီးယဲလ်ကိုကျော်ဖြတ်ခဲ့ပြီး ရာသီစတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်ကို(ထပ်မံပြီး)အနိုင်ယူထားတာပါ။ နှစ်ပွဲလုံးမှာသက်သောင့်သက်သာရှိခဲ့တယ်။ နေရာတိုင်းမှာအနာအဆာမရှိသလို ကစားခဲ့ကြပြီး လူကာကူကြောင်မြင့်တက်လာတဲ့တိုက်စစ်ပိုင်းကလည်းအားကြီးပါတယ်။ ဒါ့အပြင်လုပ်သလိုမဖြစ်ချိန်မှာ
နောက်ထပ်ခွန်အားရှိသောအသင်းတစ်သင်းစာကအသင့်စောင့်နေပြန်တာသူတို့နှစ်သင်ကြားကခြားနားချက်ပဲဖြစ်ပါလိမ့်မယ်။

ဇာတ်တော်ထဲမှာတော့လီဗာပူးနိုင်ပွဲတွေက ပိုလွမ်းစရာကောင်းနေမလားပါပဲ။ နောက်ဆုံး ၅ပွဲတစ်ဖြတ်ကိုကြည့်ရင်လည်း လီဗာပူးက ၄ပွဲတောင်အနိုင်ရပြီးမနှစ်ကတော့ ဒီကွင်းမှာ မေဆန်မောင့်ဂိုးနဲ့ ချဲလ်ဆီးအနိုင်ရခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုမျိုးမှာ ဘယ်အသင်းက တစ်ထစ်ချအနိုင်ရပါလိမ့်မယ်ဆိုတာမျိုး ဘယ်သူမှခန့်မှန်းခွင့်ရှိမနေပါဘူး။ မထင်မှတ်ပဲ သရေကျသွားတာမျိုး၊ နိုင်ရင် ချဲလ်ဆီးဆိုတာမျိုးထက်ပိုပြီးကျနော်တို့မလုပ်သင့်ပါဘူး။ တစ်ယောက်တည်းအမြင်အရပြောရမယ်ဆိုရင်တော့ သရေကျဖို့၆၅ရာခိုင်နှုန်းလောက်ရှိပြီးချဲလ်ဆီးအနိုင် ၃၅ရာခိုင်နှုန်းလောက်မှာပဲနေရာယူထားချင်ပါတယ်။

◼️ဟန်စိုးသွေး

လီဗာပူးဟာ၂ပွဲကစား၂ပွဲစလုံးအနိုင်ရခဲ့တယ်။ဒါပေမယ့်သူတို့အနိုင်ရခဲ့တဲ့နှစ်သင်းဟာဘန်လေနဲ့နော့ဝစ်ချ်ဖြစ်နေတာမို့သူတို့စွမ်းရည်အမှန်ကိုစောင့်ကြည့်ရဦးမယ်။နည်းပြကလော့ဟာနှစ်ပွဲစလုံးတိုက်စစ်မှာမာနေး၊ဂျိုတာ၊ဆာလက်စ်တို့၃ယောက်တန်းတိုက်စစ်ကိုထုတ်သုံးခဲ့ပေမယ့်ကွင်းလယ်မှာတော့အပြောင်းအလဲများခဲ့တာတွေ့ရတယ်။ဘန်လေနဲ့နော့ဝစ်ချ်နှစ်သင်းစလုံးကိုခြေစွမ်းအသာ ဂိုးကန်သွင်းခွင့်များစွာရအောင် အသာစီးကစားနိုင်ခဲ့ပေမယ့် ပုံစံကောင်းရနေတဲ့ချဲလ်ဆီးကိုတော့ခြေစွမ်းအသာနဲ့ကစားနိုင်ဖို့မလွယ်ပါဘူး။

ချဲလ်ဆီးကတော့ရှေ့လယ်နောက်ကစားသမားစုဖွဲ့မှုအားတော်တော်လေးကိုတောင့်တင်းသွားပြီလို့ပြောနိုင်တယ်။ဂျော်ဂျင်ဟို၊ ကိုဗာဆစ်၊ ကန်တီတို့ရှိတဲ့ကွင်းလယ်ကစားဟန်ငြိမ်သလိုတိုက်စစ်မှာလည်းဘယ်သူ့ကိုထုတ်သုံးရမှန်းမသိလောက်အောင်ရွေးချယ်စရာများလွန်းနေတယ်။ချဲလ်ဆီးဟာအိမ်ကွင်းမှာပဲလေ့စ်ကို ၃-၀ အဝေးကွင်းမှာအာဆင်နယ်ကို၀-၂နဲ့အနိုင် ရခဲ့တယ်။နှစ်ပွဲစလုံးခံစစ်ရောတိုက်စစ်ကစားပုံကောင်းခဲ့ပြီး ပဲလေ့စ်ကိုဘောလုံးပိုင်ဆိုင်မှု၆၂%အာဆင်နယ်ကို၆၅%အသာနဲ့ဖိကစားနိုင်ခဲ့အထိခြေစွမ်းမြင့်မားခဲ့တာတွေ့ရတယ်။ဒီပွဲမှာလီဗာပူးကသရေ၃၀ရှုံးအကျောပေးထားတယ်။

လီဗာပူးဟာကစားပုံနဲ့တိုက်စစ်စွမ်းရည်ကောင်းနေသေးပေမယ့်ကီတာ မီလ်နာ ချိန်ဘာလိန် ဖာဘင်ဟို ဟန်ဒါဆင်တို့အနက်ဘယ်သူတွေကိုပဲပွဲထုတ်ထုတ်ချဲလ်ဆီးကွင်းလယ်ကိုအသာရအောင်ကစားနိုင်ဖို့ခက်ပါတယ်။လီဗာပူးအနိုင်ရလိုဇောနဲ့တိုက်စစ်ကစားခဲ့ရင်ချဲလ်ဆီးတန်ပြန်တိုက်စစ်ကိုဂိုးပေးရပြီးရှုံးတောင်ရှုံးသွားနိုင်တာမို့ဧည့်သည်ချဲလ်ဆီးကိုသာရွေးချယ်လိုက်သင့်ပါတယ်။

◼️မင်းနဒီ( change)

ဂျော်ဂျင်ဟိုရဲ့ ကွင်းလယ်ကစားပုံသပ်ယပ်မှုကြောင့် အန်ဖီးလ်မှာချဲလ်ဆီးမရှုံးနိုင်ဘူး

လီဗာပူးကဒီရာသီမှာပုံစံကောင်းတစ်ခုနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်ထင်မှတ်ခဲ့ကြတဲ့အတိုင်းကစားပြီးခဲ့တဲ့ ၂ ပွဲမှာဂိုးပြတ်နိုင်ပွဲတွေနဲ့ပေးဂိုးမရှိရလဒ်ကိုရယူနိုင်ခဲ့တယ်။ ခံစစ်မှာဗန်ဒိုက်ချ်ကတည်တည်ငြိမ်ငြိမ်နဲ့ပြန်လာတယ်၊ တိုက်စစ်မှာဆာလာ၊ မာနေး၊ ဂျိုတာ၊ ဖေမီနိုတို့ဟာ ဂိုးတွေကို အပြိုင်သွင်းကြတော့မလား ထင်မှတ်ရတဲ့ ပုံစံမျိုးနဲ့ ပြန်လာတယ်။ ကွင်းလယ်မှာ ဝှစ်ချ်နယ်လ်ဒန်ထွက်သွားတယ်။

ဖာဘင်ညိုကဒဏ်ရာပြဿနာရှိနေလို့အနားယူနေရပေမယ့်ကီတာနဲ့ ဟန်ဒါဆန်တို့ကဟန်မပျက်ထိန်းထားနိုင်တယ်။ အဲ့ဒီကွင်းလယ်ကိုအဲလီယော့လိုကစားအားကောင်းတဲ့လူငယ်လေးနဲ့တွဲပေးလိုက်တာမဆိုးလှဘူးပေါ့လေ။ ဒါပေမယ့်အဲ့ဒီကွင်းလယ်ကနောဝှစ်ချ်၊ ဘန်လေတို့ကိုဂိုးပြတ်နိုင်ရခဲ့တာဖြစ်လို့အများကြီးမမျှော်လင့်ရဲသေးဘူး။ ချဲလ်ဆီးနဲ့ပွဲကတော့သူတို့ကွင်းလယ်ရဲ့ တန်ဖိုးတစ်ခုကပိုပြီးထင်ထင်ရှားရှားဖြစ်လာမလားဆိုတာစမ်းသပ်ခံရဖို့ရှိတယ်။

ချဲလ်ဆီးကလည်း ၂ ပွဲစလုံးအနိုင်ရခဲ့ပြီးလီဗာပူးနဲ့ပေးဂိုးမရှိ၊ တူညီတဲ့ဂိုးကွာခြားချက်နဲ့သပ်သပ်ယပ်ယပ်ကစားနိုင်ခဲ့တယ်။ လူကာကူကိုရလိုက်ခြင်းမှာအသင်းရဲ့အားနည်းချက်ကရှာမတွေ့နိုင်လောက်အောင်ရှားသွားတယ်။ ပွဲဦးထွက်ပွဲစဉ်မှာသူဂိုးရလိုက်တာကပိုမိုခိုင်မာတဲ့ယုံကြည်မှုကိုရသွားစေခဲ့တယ်။ တူချယ်ကခံစစ်ကိုကာဗာလုပ်ထားတဲ့နည်းဗျူဟာအခင်းအကျင်းကြားမှာခံစစ်ကစားပုံတည်ငြိမ်တယ်။

ကွင်းလယ်လုပ်အားနှုန်းကိုကြည့်မယ််ဆိုရင်လည်းဂျော်ဂျင်ဟိုဟာကစားပြီးခဲ့တဲ့ ၂ ပွဲလုံးမှာတည်တည်ငြိမ်ငြိမ်၊ ပေါ့ပေါ့ပါးပါးနဲ့ ကစားပြခဲ့ပြီးအသင်းရဲ့ဟန်ချက်ကိုအကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့တယ်။ အလွန်ဆို ဆိုရင်လည်းဒီရာသီမှာပုံစံကောင်းကိုပြန်ရနေပြီဆိုတဲ့ကစားပုံကိုပြသနေတယ်။ကန်တေလည်းအသင်းအတွက်ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ချဲလ်ဆီးရဲ့သပ်ယပ်မှုကို သဘောနေကျမိတယ်။

လီဗာပူးကတိုက်စစ်မှာ ဖေမီနိုကို အရန်ခုံထိုင်ခိုင်းပြီး မာနေး၊ ဆာလက်၊ ဂျိုတာတို့အတွဲကို ပွဲထုတ်ရာမှာ သွင်းဂိုးတွေရနေတာ မက်စရာကောင်းပါတယ်။ ဒုတိယပိုင်းဆိုရင် လူစားဝင်လာတဲ့ ဖေမီနိုလည်း နောဝှစ်ချ်နဲပွဲမှာ ဂိုးရသွားခဲ့တယ်။ ဒါပေမဲ့ သူတို့တိုက်စစ်က တစ်ချိန်က ပြသခဲ့တဲ့ အကောင်းဆုံးပုံစံ၊ အကောင်းဆုံနားလည်မှုနဲ့ အကောင်းဆုံးအဆုံးသတ်တွေကို ပြန်လည်ပြသနိုင်တဲ့အဆင့်ကိုရနေတာမျိုးတော့မဟုတ်သေးဘူး။ နောက်ပြီး ကွင်းလယ်မှာ ကီတာနဲ့ အဲလီယော့တို့ကလည်း မမှားအောင် ကစားနိုင်တယ်ဆိုတဲ့ အဆင့်လောက်ပဲရှိတယ်။

အဲလီယော့ဆိုရင် ကစားအားကောင်းတယ်၊ လိုက်အားကောင်းတာမှန်ပေမယ့် သူဟာ ဘောလုံးပေးဖို့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေမှာ တွေဝေနေတတ်တာလေးတွေရှိနေတယ်။ အသင်းကြီးချင်းတွေ့တဲ့ ပွဲမျိုးမှာ ဘောလုံးပေးဖို့ သူတွေဝေနေရင် ခံသွားရနိုင်ပါတယ်။ ချဲလ်ဆီးအတွက် အဓိကကျတာ ကွင်းလယ်လူ ဂျော်ဂျင်ဟိုပဲ။ သူဟာ အီတလီအသင်းနဲ့ ဥရောပချန်ပီယံဖြစ်ခဲ့ပြီး ချဲလ်ဆီးအတွက် ပြန်ကစားပေးတဲ့ ပွဲစဉ်တွေမှာ ဆရာတစ်ဆူလို ကစားပြနေခဲ့တယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲလုံးမှာ သူ့ရဲ့ ဘောလုံးဖြန့်ဝေအားတွေ၊ အသင်းကိုမောင်းနှင်တဲ့ ပေးပို့မှုတွေကို လီဗာပူးကွင်းလယ်က ဟန်ဒါဆန်လည်း မလုပ်နိုင်ခဲ့ဘူး။ ကီတာနဲ့ အဲလီယော့တို့လည်း မလုပ်နိုင်ခဲ့ဘူး။

ဒီပွဲမှာ ဂျော်ဂျင်ဟိုက ပိုပြီးအရေးပါလာပါလိမ့်မယ်။ သူ့ရဲ့ ကွင်းလယ်ထိန်းကျောင်းမှုက လီဗာပူးကွင်းလယ်ကို အသာစီးယူပြီး လွှမ်းမိုးသွားနိုင်တာကြောင့် ချဲလ်ဆီး အနိမ့်ဆုံးသရေရသွားလိမ့်မယ်လို့ ထင်မိတယ်။ လီဗာပူး ခြေမဆိုးလှဘူးဆိုပေမယ့် ချဲလ်ဆီးနဲ့ ယှဉ်ကြည့်လိုက်ရင် နည်းနည်းနိမ့်နေသလို ခံစားရမိတယ်။ ချဲလ်ဆီးနည်းပြ တူချယ်ရဲ့ 3-4-3 အခင်းအကျင်းနဲ့ နည်းဗျူဟာ ချမှတ်မှုတွေက ချဲလ်ဆီးလူစာရင်းနဲ့ ကွက်တိအံဝင်နေတာကြောင့်လည်း အန်ဖီးလ်မှာ ချဲလ်ဆီးမရှုံးနိုင်ဘူးလို့ ထင်နေမိတယ်။ ဒီပွဲက သရေကျဖို့ ရာခိုင်နှုန်းတော်တော်လေးများနိုင်ပေမယ့် နိုင်မယ်ဆိုရင် ဂျော်ဂျင်ဟိုရဲ့ ကွင်းလယ်သပ်ယပ်မှုပိုင်းအားသာတဲ့ ချဲလ်ဆီးပဲအနိုင်ရသွားလိမ့်မယ်လို့ ယူဆမိတာကြောင့် ချဲလ်ဆီးကိုပဲ သဘောကျမိပါတယ်။

ဒီတစ်ပတ် 3D

◼️3D နှစ်ပတ်ဆက်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာအတတ်ဆန်းရွေးချယ်မှုတွေ၊ ရေးဖို့အကွက်အကွင်းကောင်းတာတွေဘေးဖယ်ထားပြီးဘယ်လိုပွဲစဉ်မျိုးဖြစ်စေ၊ ပရိသတ်ကြီးအကျိုးရှိရင်တင်ဆက်ကြမယ်လို့ သဘောထားပြောင်းလဲထားပါတယ်။ ဒီတစ်ပတ်မှာ ဒိတ်ဒိတ်ကြဲနှစ်သင်းဆုံတွေ့ခဲ့ကြတာမှန်ပေမယ့်လို့ ဆရာသမားသုံးဦးလုံးက’ချဲလ်ဆီး’ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒီတော့လည်းPlay Maker Special Choice နှစ်ပတ်ဆက်အဖြစ်ချစ်စွာသောချဲလ်ဆီးဧည့်သည်ရေ..’လို့ ဖော်ပြလိုက်ရကြောင်းပါခင်ဗျား..