တစ်ခုခုယူပြီး အိမ်ပြန်နိုင်မှာက ခြင်္သေ့ပြာတို့ပါ
စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်
လီဗာပူး နှင့် ချဲလ်ဆီး(ည ရး၀၀)(စိုင်းကိုတောင်ကြီး)
ဒီရာသီအဖြစ်ဆိုးတာချင်းလည်းတူ၊ အမှတ်ပေးဇယားမှာရမှတ်ချင်းလည်းတူတဲ့အသင်းကြီးနှစ်သင်းတွေ့ကြပါပြီ။ကြိုးကြာနီတို့ကလိဂ်မှာနောက်ဆုံးအိမ်ကွင်း ၂ ပွဲဆက်နိုင်ထားပေမယ့်သူတို့နိုင်ခဲ့တဲ့အသင်းတွေကတန်းဆင်းဇုန်နဲ့ဆက်စပ်နေတဲ့ဆောက်သမ်တန်နဲ့လက်စတာတို့ဖြစ်ပြီးအဲဒါတောင်ဂိုးပြန်ပေးခဲ့ရသေးတာပါ။
ခြင်္သေ့ပြာတို့ကလည်းပရီးမီးယားလိဂ်မှာအဝေးကွင်းနိုင်ပွဲနဲ့ဝေးကွာနေတာ ၅ ပွဲဆက်တောင်ရှိနေပြီ။ဒါပေမဲ့ချဲလ်ဆီးဟာလီဗာပူးနဲ့နောက်ဆုံးတွေ့ဆုံမှု ၅ ပွဲစလုံးမှာမရှုံးခဲ့တဲ့အားသာချက်လေးတော့ရှိထားတယ်။အန်ဖီးလ်ကနေတစ်ခုခုယူပြီးအိမ်ပြန်နိုင်မှာကခြင်္သေ့ပြာတို့ပါ။
zawgyi