”ကျွဲရိုင်းတို့ ထိုးဆိတ်ခံရမှာ မဟုတ်ဘူး”

ဗုဒ္ဓဟူးည ချန်ပီယံလိဂ် ၁၆သင်းအဆင့် (ဒု-အကျော့) ပွဲကြိုသုံးသပ်ချက်

လီဗာပူး နှင့် လစ်ဇစ် (ည ၂:၃၀)(စိုင်းကို- တောင်ကြီး)

အိမ်ကွင်းမှာတုန်းက၀-၂ဂိုးနဲ့ အရေးနိမ့်လိုက်တာကြောင့်နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ လစ်ဇစ်ဖောင်ဖျက်တိုက်ပွဲဝင်ရပါတော့မယ်။လစ်ဇစ်ရဲ့ခြေစွမ်းကိုကြည့်လိုက်တော့အိန်ဂျလီနိုနဲ့ ဆာဘစ်ဇာနာနေတာတောင်မှဂိုးသွင်းနိုင်သူများလွန်းလို့ တိုက်စစ်အားထက်မြက်လွန်းနေတာတွေ့ရမှာပါ။

လီဗာပူးရဲ့ခံစစ်ကြောင်းကဒဏ်ရာပြဿနာတွေကြားလုံခြုံအောင်ရုန်းကန်နေရတော့လစ်ဇစ်တိုက်စစ်ကို ဒီတစ်ပွဲမှာသေချာပေါက်ဂိုးပေးရပါလိမ့်မယ်။လီဗာပူးကတော့ လောလောဆယ်ဆာလက်ရှ်၊ ဂျိုတာ၊ မာနေးတို့ရဲ့တိုက်စစ်ပိုင်း အသက်မဲ့လွန်းနေတဲ့အသင်းဖြစ်တယ်။

ဒါကြောင့်အိမ်ရှင်ဆိုပေမယ့်လည်းတိုက်စစ်သေနေတဲ့လီဗာပူးအနေနဲ့ ပထမအကျော့ကိုနိုင်ထားပြီးဖြစ်တာကြောင့်အနိုင်ရရှိရေးထက်ဂိုးမပေးရရေးဦးစား ပေးပြင်ဆင်လာမှာပါ။

သရေဆိုရင်လီဗာပူးခပ်ပါးပါးနစ်နာရမှာဖြစ်လို့ ဖောင်ဖျက်တိုက်ပွဲဝင်မယ့်လစ်ဇစ်နဲ့အတူ ရှိနေသင့်တယ်။ လစ်ဇစ်ဆိုတဲ့ကျွဲရိုင်းကိုလီဗာပူးဆိုတဲ့ ကြိုးကြာထိုးဆိတ်နိုင်မှာမဟုတ်ဘူး။

zawgyi




