လီဗာပူးကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် အဝတ်အစားလဲခန်းထဲတွင် ယူနိုက်တက်စတားများကို အဲရစ်တန်ဟက်ဘာပြောခဲ့သလဲ?

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာတနင်္ဂနွေနေ့တုန်းကအန်ဖီးလ်တွင်လီဗာပူးကို၇-၀ဂိုးဖြင့်သမိုင်းဝင်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ယူနိုက်တက်စတားများကိုအကြီးအကျယ်ဒေါသထွက်နေကြောင်းပြတ်သားစွာပြသခဲ့ပါတယ်။

ယူနိုက်တက်ဟာတနင်္ဂနွေနေ့တုန်းကအခါးသီးပြိုင်ဘက်နှင့်ပွဲစဉ်ရဲ့ပထမပိုင်းတွင်တစ်ဂိုးသာပေးခဲ့ရပေမဲ့ဒုတိယပိုင်းတွင်ခြောက်ဂိုးထပ်ပေးခဲ့ရကာ ၇-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်ဟာဒုတိယပိုင်းအစ၂မိနစ်တွင်ဒုတိယဂိုးပေးလိုက်ရပြီးနောက်အမှားများစွာပြုလုပ်မှုနှင့်အတူဂိုးများစွာထပ်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

လီဗာပူးဟာမိုဟာမက်ဆာလက်၊ကိုဒီဂတ်ပို၊ဒါဝင်နူနက်ဇ်တို့ရဲ့သွင်းဂိုး၂ဂိုး၊ဖာမီနိုရဲ့၁ဂိုးနှင့်အတူယူနိုက်တက်ကို၇-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရယူနိုက်တက်ကစားသမားများဟာအဝတ်အစားလဲခန်းအတွင်းသို့ရောက်လာချိန်တွင်အသံတိတ်ဆိတ်နေခဲ့ကြပါတယ်။

အဲရစ်တန်ဟက်ဟာအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်လာပြီးနောက်ကစားသမားများထံမှမည်သည့်စကားမျှမကြားလိုကြောင်းပြောကြားခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာယူနိုက်တက်စတားများအားပြိုင်ဘက်လီဗာပူးအသင်းရဲ့အောင်ပွဲခံမှုကိုနားထောင်စေကာမခံချင်စိတ်နှိုးကြွလာအောင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်အဲရစ်တန်ဟက်ဟာယူနိုက်တက်စတားများရဲ့လက်မခံနိုင်စရာကောင်းပြီးပရော်ဖက်ရှင်နယ်မပီသတဲ့ခြေစွမ်းကိုအ ပြင်းအထန်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

ZawGyi








