”သရဲတွေ နီတာများ ရဲရဲကိုတောက်လို့”

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်

လီဗာပူး နှင့် မန်ယူ (ည ၁၁:၀၀)(အိုဇုန်း)

ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး၆၇ပွဲဆက်တိုက်အရှုံးမရှိထားတဲ့လီဗာပူးရဲမှတ်တမ်းကအားရစရာပါ။ ဒါ့အပြင်လိဂ်အိမ်ကွင်းနောက်ဆုံး ၃၄ပွဲမှာ နိုင်ပွဲက ၃၂ပွဲတောင်ရှိခဲ့တယ်။

ဒါကြောင့်လည်းလီဗာပူးကသရေဆိုရင်၉၀ရှုံးမယ်ဆိုပြီးအကျောပေးထားတာဖြစ်တယ်။မန်ယူကလည်း လက်ရှိအချိန်ပရီးမီးယားလိဂ်ကိုထိပ်ဆုံးကနေ ဦးဆောင်နေတဲ့အသင်းပါ။

လီဗာပူးကလည်းဒုတိယနေရာမှာရှိနေလို့ဒီရာသီအကြိတ်အနယ်အရှိဆုံးပွဲလို့ ဆိုရမယ်။လီဗာပူးမှာမာတစ်၊ ဂျိုတာတို့အပြင်နာနေသူတွေရှိကြလို့ လူစုံနေတဲ့မန်ယူကိုအသာစီးယူဖို့ မလွယ်လောက်ဘူး။ ခြေကျနေတဲ့လီဗာပူးကိုလက်ရှောင်ပါ။ သရဲတွေနီတာမှရဲလို့ပေါ့။

zawgyi




