မဖြစ်မနေဖတ်ရမယ့် စနေအကျိုးပြုဈေးကွက်

မဖြစ်မနေဖတ်ရမယ့် စနေအကျိုးပြုဈေးကွက်

(စိုင်းကို-တောင်ကြီး)

မင်္ဂလာပါ ပရိသတ်ကြီးလို့ အရင်ဦးဆုံး အားပါးတရ နှုတ်ခွန်းဆက်ပါရစေ။မိုဘိုင်းအင်တာနက်လိုင်းတွေပိတ်သိမ်းသွားကတည်းကခင်ဗျားတို့နဲ့ မဆုံဖြစ်ကြတော့ဘူးနော်။ကျွန်တော် ရောက်ရှိနေတဲ့နေရာကနယ်မို့လို့ ဘာလိုင်းမှမရဘဲဈေးကွက်မရေးဖြစ်တော့တာပါ။ဘောလုံးပွဲတွေလောင်းချင်ရင်တောင်ဟိုးအရင်ခေတ်ကလို ဖုန်းမက်ဆေ့ချ်တွေနဲ့ပဲကစားရတော့တယ်။တကယ်တော့အာသီသပြင်းပြင်း ကစားချင်နေတာကအွန်လိုင်းဘက်တင်ပါ။ဒါကြောင့် တည် ငြိမ်အေးချမ်းနေတဲ့ကျွန်တော့်ရဲ့အိမ်ရှိရာ တောအရပ်ကနေဖိုက်ဘာကြိုးလိုင်းမိတဲ့ ဇနီးသည်ရဲ့ ဇာတိမြေမြို့ကြီးပြကြီးကို ခဏတာ ပြောင်းရွှေ့လာခဲ့ပါပြီ။အွန်လိုင်းဘက်တက်ကို မွှေရင်းနှောက်ရင်းချစ်ခင်ရသူရောင်းရင်းတွေအတွက်အရင်အတိုင်းဈေးကွက်သုံးသပ်ချက်ကို လက်ကအလိုအလျောက်ချရေးသားပေးမိပါတော့တယ်။

ဒီနေ့ညပရီးမီးယားလိဂ်မှာကစားမယ့်ပွဲစုစုပေါင်း ၃ပွဲတည်းရှိသဗျ။အဲဒီ ၃ပွဲမှာလန်ဒန်ဒါဘီဖြစ်တဲ့ဝက်စ်ဟမ်း-ချဲလ်ဆီးတစ်ပွဲပဲဈေးငြိမ်ပြီးကျန်၂ပွဲစလုံး ကြေးပြောင်းနေပါတယ်။လီဗာပူး-နယူးကာဆယ်ပွဲမှာအိမ်ရှင်လက်ရှိချန်ပီယံအသင်းက ၁-၉၀ စတင် အကျောပေးခဲ့တာပါ။နောက်ပိုင်းမှာလီဗာပူးရဲ့အကျောပေးမှုတဖြည်းဖြည်းပြင်းရှလာပြီး အခုဆိုရင် ၂+၄၀အထိ ဖြစ်လာရတယ်။နယူးကာဆယ်ရဲ့တိုက်စစ်ကဘယ်လောက်ပဲဂိုးသွင်းသွင်းခံစစ်ယိုယွင်းမှုကိုမပြင်ဆင်နိုင်သေးဘူး။

နယူးကာဆယ်ခံစစ်ကအဝေးကွင်းမှာလီဗာပူးတိုက်စစ်ကိုဟန့်တားဖို့ ခက်ခဲပါလိမ့်မယ်။လီဗာပူးမှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ကြိုးစားရမယ့်မဟာတာဝန်ကြီးလည်း ရှိနေပါတယ်။အဲဒီတော့နယူးကာဆယ်ရဲ့ဘဝကမတွေးရဲစရာပဲ။နံပါတ်တစ်ပစ်မှတ်ကလီဗာပူးဖြစ်လာခဲ့ရပါပြီ။ဒီပွဲရဲ့ဂိုးပေါင်းဈေးကလည်း ၃+၄၀ကနေ ၃-၂၀အထိပြင်းရှလာခဲ့ရတယ်။တိုက်စစ်အားကောင်းတဲ့အသင်းနှစ်သင်းရင်ဆိုင်မှုဖြစ်လို့ ပြင်းချင်သလောက်ပြင်းပါစေဂိုးပေါ်နိုင်တယ်။နံပါတ် ၂ပစ်မှတ်ကလီဗာပူးပွဲဂိုးပေါ်ပေါ့။

နောက်တစ်ပွဲကရှက်ဖီးယူနိုက်တက်-ဘရိုက်တန်။စတင်ဈေးမှာဘရိုက်တန်ဘက်ကနေသရေ ၇၀ရှုံးအကျောပေးဖွင့်လှစ်ခဲ့တယ်။ အခုဆိုရင်ဘရိုက်တန်ရဲ့အကျောပေးမှုက ၁+၆၀အထိ ပြင်းရှလာခဲ့ရတယ်။ဂိုးပေါင်းကြေးကတော့ လုံးဝမပြောင်းလဲပါဘူး။ဒါဟာဘရိုက်တန်နိုင်ကိုနိုင်မှာမို့ပါ။ဘာဖြစ်လို့လဲဆိုတော့ပြိုင်ဘက်ဖြစ်တဲ့ အိမ်ရှင်ရှက်ဖီးရဲ့တန်းဆင်းသွားရပြီးအခြေအနေကြောင့်ပါ။မျှော်လင့်ချက်ရှိချိန်ကတည်းကဖရိုဖရဲနိုင်လွန်းတဲ့ရှက်ဖီးတန်းဆင်းရပြီးချိန်မှာပိုပြီးတော့အနာခံမှာမဟုတ်ဘူး။ညံ့ဖျင်းလှတဲ့ရှက်ဖီးအနေနဲ့ ဒီပွဲမှာ ဘရိုက်တန်ကိုလွယ်လင့်တကူလက်မြှောက်အရှုံးပေးဦးမှာပါ။စနေညအတွက် နံပါတ်၃ပစ်မှတ်ကဘရိုက်တန်ဖြစ်လာပါတယ်။

စပိန်လာလီဂါထဲ ဝင်လိုက်တော့ ကစားဖို့ရှိတဲ့ ၄ပွဲစလုံး ကြေးပြောင်းခြင်းမရှိပါဘူး။ဒါကြောင့် အီတလီစီးရီးအေရပ်ဝန်းဆီ ခြေဦးလှည့်လိုက်မိတယ်။ ရှားရှားပါးပါး တစ်ကြောင်းတည်း မြင်လိုက်ရတယ်။ဆက်ဆူအိုလို – ဆမ်ဒိုးရီးယားပွဲရဲ့ဘော်ဒီဈေးပါ။ဆက်ဆူအိုလိုရဲ့အကျောပေးမှုက သရေ ၂၀ရှုံးကနေ ၈၀ရှုံးအထိ ဖြစ်လာခဲ့တယ်။ဂိုးပေါင်းဈေးကျတော့ ၃ဂိုးသရေဝန်းကျင်မှာ မလှုပ်မယှက်။ဆက်ဆူအိုလိုရဲ့အကျောပေးမှု ပြင်းထန်လာရတာဟာ ပြိုင်ဘက်ဆမ်ဒိုးရဲ့ခံစစ်နဲ့ အဝေးကွင်းခြေစွမ်း ယိုယွင်းလွန်းမှုကြောင့်ပါ။နောက်ပြီးတော့ ဆက်ဆူအိုလိုမှာ အိမ်ရှင်အားသာချက် လည်းရှိနေတယ်လေ။
နံပါတ် ၄ပစ်မှတ်က ဆက်ဆူအိုလိုဘော်ဒီဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ။

အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင် ဒီကနေ့ စနေညအတွက် ရွေးချယ်စရာ ၄ကြောင်း ထွက်ပေါ်ခဲ့ပါတယ်။အီတလီမှာ ဆက်ဆူအိုလိုဘော်ဒီတစ်ကြောင်း၊ အင်္ဂလန်မှာ လီဗာပူးဘော်ဒီ၊ လီဗာပူးဂိုးပေါ်နဲ့ ဘရိုက်တန်ဘော်ဒီဆိုပြီး ၃ကြောင်းပေါ့။ဒီ ၄ကြောင်းကိုယူနစ်လေးတွေပေါင်းအောင်ကစားကြပါလို့ ဆုတောင်းပေးရင်းမြန်မာပြည်ကြီး ဂွတ်လပ်ခ်ပါဗျို့။

zawgyi

မျဖစ္မေနဖတ္ရမယ့္ စေနအက်ိဳးျပဳေဈးကြက္

(စိုင္းကို-ေတာင္ႀကီး)

မဂၤလာပါ ပရိသတ္ႀကီးလို႔ အရင္ဦးဆုံး အားပါးတရ ႏႈတ္ခြန္းဆက္ပါရေစ။အင္တာနက္လိုင္းေတြ ပိတ္သိမ္းသြားကတည္းက ခင္ဗ်ားတို႔နဲ႔ မဆုံျဖစ္ၾကေတာ့ဘူးေနာ္။ကြၽန္ေတာ္ ေရာက္ရွိေနတဲ့ေနရာက နယ္မို႔လို႔ ဘာလိုင္းမွမရဘဲ ေဈးကြက္မေရးျဖစ္ေတာ့တာပါ။ေဘာလုံးပြဲေတြ ေလာင္းခ်င္ရင္ေတာင္ ဟိုးအရင္ေခတ္ကလို ဖုန္းမက္ေဆ့ခ်္ေတြနဲ႔ပဲ ကစားရေတာ့တယ္။တကယ္ေတာ့ အာသီသျပင္းျပင္း ကစားခ်င္ေနတာက အြန္လိုင္းဘက္တင္ပါ။ဒါေၾကာင့္ တည္ၿငိမ္ေအးခ်မ္းေနတဲ့ ကြၽန္ေတာ့္ရဲ႕အိမ္ရွိရာ ေတာအရပ္ကေန ဖိုက္ဘာႀကိဳးလိုင္းမိတဲ့ ဇနီးသည္ရဲ႕ ဇာတိေျမၿမိဳ႕ႀကီးျပႀကီးကို ခဏတာ ေျပာင္းေ႐ႊ႕လာခဲ့ပါၿပီ။အြန္လိုင္းဘက္တက္ကို ေမႊရင္းေႏွာက္ရင္း ခ်စ္ခင္ရသူေရာင္းရင္းေတြအတြက္ အရင္အတိုင္း ေဈးကြက္သုံးသပ္ခ်က္ကို လက္ကအလိုအေလ်ာက္ ခ်ေရးသားေပးမိပါေတာ့တယ္။

ဒီေန႔ည ပရီးမီးယားလိဂ္မွာ ကစားမယ့္ပြဲစုစုေပါင္း ၃ပြဲတည္းရွိသဗ်။အဲဒီ ၃ပြဲမွာ လန္ဒန္ဒါဘီျဖစ္တဲ့ ဝက္စ္ဟမ္း-ခ်ဲလ္ဆီးတစ္ပြဲပဲ ေဈးၿငိမ္ၿပီး က်န္၂ပြဲစလုံး ေၾကးေျပာင္းေနပါတယ္။လီဗာပူး-နယူးကာဆယ္ပြဲမွာ အိမ္ရွင္လက္ရွိခ်န္ပီယံအသင္းက ၁-၉၀ စတင္ အေက်ာေပးခဲ့တာပါ။ေနာက္ပိုင္းမွာ လီဗာပူးရဲ႕အေက်ာေပးမႈ တျဖည္းျဖည္း ျပင္းရွလာၿပီး အခုဆိုရင္ ၂+၄၀အထိ ျဖစ္လာရတယ္။နယူးကာဆယ္ရဲ႕တိုက္စစ္က ဘယ္ေလာက္ပဲဂိုးသြင္းသြင္း ခံစစ္ယိုယြင္းမႈကို မျပင္ဆင္ႏိုင္ေသးဘူး။

နယူးကာဆယ္ခံစစ္က အေဝးကြင္းမွာ လီဗာပူးတိုက္စစ္ကို ဟန႔္တားဖို႔ ခက္ခဲပါလိမ့္မယ္။လီဗာပူးမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ ႀကိဳးစားရမယ့္ မဟာတာဝန္ႀကီးလည္း ရွိေနပါတယ္။အဲဒီေတာ့ နယူးကာဆယ္ရဲ႕ဘဝက မေတြးရဲစရာပဲ။နံပါတ္တစ္ပစ္မွတ္က လီဗာပူး ျဖစ္လာခဲ့ရပါၿပီ။ဒီပြဲရဲ႕ဂိုးေပါင္းေဈးကလည္း ၃+၄၀ကေန ၃-၂၀အထိ ျပင္းရွလာခဲ့ရတယ္။တိုက္စစ္အားေကာင္းတဲ့ အသင္းႏွစ္သင္း ရင္ဆိုင္မႈျဖစ္လို႔ ျပင္းခ်င္သေလာက္ျပင္းပါေစ ဂိုးေပၚႏိုင္တယ္။နံပါတ္ ၂ပစ္မွတ္က လီဗာပူးပြဲဂိုးေပၚေပါ့။

ေနာက္တစ္ပြဲက ရွက္ဖီးယူႏိုက္တက္-ဘ႐ိုက္တန္။စတင္ေဈးမွာ ဘ႐ိုက္တန္ဘက္ကေန သေရ ၇၀ရႈံးအေက်ာေပးဖြင့္လွစ္ခဲ့တယ္။ အခုဆိုရင္ ဘ႐ိုက္တန္ရဲ႕အေက်ာေပးမႈက ၁+၆၀အထိ ျပင္းရွလာခဲ့ရတယ္။ဂိုးေပါင္းေၾကးကေတာ့ လုံးဝမေျပာင္းလဲပါဘူး။ဒါဟာ ဘ႐ိုက္တန္ ႏိုင္ကိုႏိုင္မွာမို႔ပါ။ဘာျဖစ္လို႔လဲဆိုေတာ့ ၿပိဳင္ဘက္ျဖစ္တဲ့ အိမ္ရွင္ရွက္ဖီးရဲ႕တန္းဆင္းသြားရၿပီး အေျခအေနေၾကာင့္ပါ။ေမွ်ာ္လင့္ခ်က္ရွိခ်ိန္ကတည္းက ဖ႐ိုဖရဲႏိုင္လြန္းတဲ့ရွက္ဖီး တန္းဆင္းရၿပီးခ်ိန္မွာ ပိုၿပီးေတာ့အနာခံမွာ မဟုတ္ဘူး။ညံ့ဖ်င္းလွတဲ့ ရွက္ဖီးအေနနဲ႔ ဒီပြဲမွာ ဘ႐ိုက္တန္ကို လြယ္လင့္တကူ လက္ေျမႇာက္အရႈံးေပးဦးမွာပါ။စေနညအတြက္ နံပါတ္၃ပစ္မွတ္က ဘ႐ိုက္တန္ျဖစ္လာပါတယ္။

စပိန္လာလီဂါထဲ ဝင္လိုက္ေတာ့ ကစားဖို႔ရွိတဲ့ ၄ပြဲစလုံး ေၾကးေျပာင္းျခင္းမရွိပါဘူး။ဒါေၾကာင့္ အီတလီစီးရီးေအရပ္ဝန္းဆီ ေျခဦးလွည့္လိုက္မိတယ္။ ရွားရွားပါးပါး တစ္ေၾကာင္းတည္း ျမင္လိုက္ရတယ္။ဆက္ဆူအိုလို – ဆမ္ဒိုးရီးယားပြဲရဲ႕ေဘာ္ဒီေဈးပါ။ဆက္ဆူအိုလိုရဲ႕အေက်ာေပးမႈက သေရ ၂၀ရႈံးကေန ၈၀ရႈံးအထိ ျဖစ္လာခဲ့တယ္။ဂိုးေပါင္းေဈးက်ေတာ့ ၃ဂိုးသေရဝန္းက်င္မွာ မလႈပ္မယွက္။ဆက္ဆူအိုလိုရဲ႕အေက်ာေပးမႈ ျပင္းထန္လာရတာဟာ ၿပိဳင္ဘက္ဆမ္ဒိုးရဲ႕ခံစစ္နဲ႔ အေဝးကြင္းေျခစြမ္း ယိုယြင္းလြန္းမႈေၾကာင့္ပါ။ေနာက္ၿပီးေတာ့ ဆက္ဆူအိုလိုမွာ အိမ္ရွင္အားသာခ်က္ လည္းရွိေနတယ္ေလ။နံပါတ္ ၄ပစ္မွတ္က ဆက္ဆူအိုလိုေဘာ္ဒီျဖစ္ေၾကာင္း ေျပာၾကားရင္း နိဂုံးခ်ဳပ္လိုက္ပါရေစ။

အႏွစ္ခ်ဳပ္ျပန္ေျပာရမယ္ဆိုရင္ ဒီကေန႔ စေနညအတြက္ ေ႐ြးခ်ယ္စရာ ၄ေၾကာင္း ထြက္ေပၚခဲ့ပါတယ္။အီတလီမွာ ဆက္ဆူအိုလိုေဘာ္ဒီတစ္ေၾကာင္း၊ အဂၤလန္မွာ လီဗာပူးေဘာ္ဒီ၊ လီဗာပူးဂိုးေပၚနဲ႔ ဘ႐ိုက္တန္ေဘာ္ဒီဆိုၿပီး ၃ေၾကာင္းေပါ့။ဒီ ၄ေၾကာင္းကို ယူနစ္ေလးေတြေပါင္းေအာင္ကစားၾကပါလို႔ ဆုေတာင္းေပးရင္း ျမန္မာျပည္ႀကီး ဂြတ္လပ္ခ္ပါဗ်ိဳ႕။