ယူရို၂၀၂၀ပြိုင်ပွဲတွင် ပါဝင်ကစားတော့မှာမဟုတ်ကြောင်း ဗန်ဒိုက်ကြေညာ

လီဗာပူးဗဟိုနောက်ခံလူဗာဂယ်ဗန်ဒိုက်ကနယ်သာလန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်ကစားတော့မှာမဟုတ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗာဂယ်ဗန်ဒိုက်ဟာအောက်တိုဘာလတုန်းကအဲဗာတန်နှင့်မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်တွင်ပစ်ဖို့ဒ်ရဲ့ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်ဒူးအရွတ်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးအနားယူလာခဲ့ရပါတယ်။

သူဟာယခုအခါဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီးလီဗာပူးနှင့်အတူလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲကိုလာမယ့်ဇွန်လ၁၁ရက်နေ့မှဇူလိုင်လ၁၁ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီးနယ်သာလန်နည်းပြဒီဘိုးဝါးကဗန်ဒိုက်အားရွေးချယ်ရန်စောင့်ဆိုင်းပေးသွားမှာဖြစ်ကြောင်းပြောကြားထားပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ဗန်ဒိုက်ကိုယ်တိုင်ကဒဏ်ရာလုံးဝပျောက်ကင်းအောင်လုပ်ဆောင်လိုနေတာကြောင့်နယ်သာလန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်ဝင်ရောက်ကစားတော့မှာမဟုတ်ကြောင်းကြေညာလာပြီဖြစ်ပါတယ်။

ဗန်ဒိုက်က “ယူရိုသွားမကစားဖို့ဆုံးဖြတ်တာကျွန်တော့်ရဲ့လက်ရှိခန္ဓာကိုယ်အနေအထားအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ထင်ပါတယ်။ယူရိုသို့မသွားပြီးနွေရာသီအားလပ်ရက်မှာပြန်လည်ထူထောင်ရေးနောက်ဆုံးအဆင့်ကိုပြုလုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ဗန်ဒိုက်မပါဝင်တဲ့လီဗာပူးဟာယခုရာသီမှာပရီးမီးယားလိဂ်တွင်ရုန်းကန်နေရပြီးအမှတ်ပေးဇယားအဆင့်၆နေရာသို့ရောက်ရှိနေကာချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရဖို့ရှိနေပါတယ်။

zawgyi

ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ ပါဝင္ကစားေတာ့မွာမဟုတ္ေၾကာင္း ဗန္ဒိုက္ေၾကညာ

လီဗာပူးဗဟိုေနာက္ခံလူဗာဂယ္ဗန္ဒိုက္ကနယ္သာလန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ပါဝင္ကစားေတာ့မွာမဟုတ္ေၾကာင္းထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဗာဂယ္ဗန္ဒိုက္ဟာေအာက္တိုဘာလတုန္းကအဲဗာတန္ႏွင့္မာေဆးလ္ဆိုက္ဒါဘီပြဲစဥ္တြင္ပစ္ဖို႔ဒ္ရဲ႕ၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္ဒူးအ႐ြတ္ဒဏ္ရာျပင္းထန္စြာရရွိခဲ့ၿပီးအနားယူလာခဲ့ရပါတယ္။

သူဟာယခုအခါဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္ၿပီးလီဗာပူးႏွင့္အတူေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလာမယ့္ဇြန္လ၁၁ရက္ေန႔မွဇူလိုင္လ၁၁ရက္ေန႔အထိက်င္းပသြားမွာျဖစ္ၿပီးနယ္သာလန္နည္းျပဒီဘိုးဝါးကဗန္ဒိုက္အားေ႐ြးခ်ယ္ရန္ေစာင့္ဆိုင္းေပးသြားမွာျဖစ္ေၾကာင္းေျပာၾကားထားပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ဗန္ဒိုက္ကိုယ္တိုင္ကဒဏ္ရာလုံးဝေပ်ာက္ကင္းေအာင္လုပ္ေဆာင္လိုေနတာေၾကာင့္နယ္သာလန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဝင္ေရာက္ကစားေတာ့မွာမဟုတ္ေၾကာင္းေၾကညာလာၿပီျဖစ္ပါတယ္။

ဗန္ဒိုက္က “ယူ႐ိုသြားမကစားဖို႔ဆုံးျဖတ္တာကြၽန္ေတာ့္ရဲ႕လက္ရွိခႏၶာကိုယ္အေနအထားအတြက္မွန္ကန္တဲ့ဆုံးျဖတ္ခ်က္လို႔ထင္ပါတယ္။ယူ႐ိုသို႔မသြားၿပီးေႏြရာသီအားလပ္ရက္မွာျပန္လည္ထူေထာင္ေရးေနာက္ဆုံးအဆင့္ကိုျပဳလုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဗန္ဒိုက္မပါဝင္တဲ့လီဗာပူးဟာယခုရာသီမွာပရီးမီးယားလိဂ္တြင္႐ုန္းကန္ေနရၿပီးအမွတ္ေပးဇယားအဆင့္၆ေနရာသို႔ေရာက္ရွိေနကာခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႈံးရဖို႔ရွိေနပါတယ္။