လီဗာပူးပွဲတွင်အငြင်းပွားစရာဆုံးဖြတ်ချက်ကိုချခဲ့ပြန်တဲ့ VAR

ဝက်စ်ဘရွန်းဟာမနေ့ညတုန်းကလီဗာပူးနှင့်ပွဲစဉ်တွင်၂-၁ဂိုးဖြင့်ဦးဆောင်နိုင်မယ့်သေချာပေါက်အနိုင်ဂိုးကိုဆိုးရွားစွာဘဲငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ဝက်စ်ဘရွန်းဟာVAR ရဲ့စစ်ဆေးမှုခံခဲ့ရပေမယ့်လည်းအနိုင်ဂိုးငြင်းပယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဝက်စ်ဘရွန်းဟာကော်နာဂယ်လာဂါရဲ့ထောင့်ကန်ဘောကနေကိုင်လီဘာတလေကခေါင်းတိုက်သွင်းယူခဲ့ပြီးလီဗာပူးကိုဒုတိယအကြိမ်မြောက်ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။ဒါပေမယ့်စည်းကြပ်ဒိုင်ကလူကျွံဘောအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ယင်းကိုVARကစစ်ဆေးကြည့်ချိန်မှာလူကျွံနေတဲ့မတ်ဖီးလစ်ကလီဗာပူးဂိုးသမားအလီဆင်ရဲ့မြင်ကွင်းကိုပိတ်ထားတယ်ဆိုပြီးလူကျွံဘောအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။တကယ်တော့မတ်ဖီးလစ်ဟာအလီဆင်ရဲ့မြင်ကွင်းကိုပိတ်ဆို့ထားခြင်းမရှိကြောင်းတွေ့ရပါတယ်။

ဒါကြောင့်လည်းVARရဲ့ဆုံးဖြတ်ချက်အပေါ်ဝက်စ်ဘရွန်းအသင်းနှင့်ပရိသတ်များကအကြီးအကျယ်ဝေဖန်မှုများပြုလုပ်နေကြပါတယ်။

ဝက်စ်ဘရွန်းနည်းပြဆမ်အလာဒွိုက်က “အတွင်းမှာရှိတဲ့ကစားသမားကဂိုးသွင်းတာပါ။အရေးမပါတဲ့ဆုံးဖြတ်ချက်မပေးပါနဲ့။သူကဂိုးသမားနှစ်မီတာခွဲအကျော်လောက်ကွာနေတာပါ။ဒါကလုံးဝလက်ခံနိုင်စရာမရှိတဲ့ဆုံးဖြတ်ချက်ပါ။VAR ရှိတာတောင်ဒီလိုဆိုးရွားတဲ့ဆုံးဖြတ်ချက်ချခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာတန်းဆင်းသွားရပြီးဖြစ်တဲ့ဝက်စ်ဘရွန်းဟာဟယ်ရော့ဘ်ဆင်ကနူးရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးမိဟာမက်ဆာလက်ကပြန်လည်ချေပခဲ့ပါတယ်။ယင်းဂိုးဟာဆာလက်အတွက်ယခုရာသီပရီးမီးယားလိဂ်၂၂ဂိုးမြောက်ဂိုးလည်းဖြစ်ပါတယ်။

ပွဲရဲ့နာကျင်အချိန်ပိုမှာလီဗာပူးအတွက်အနိုင်ဂိုးကိုလီဗာပူးဂိုးသမားအလစ်ဆင်ကထောင့်ကန်ဘောမှအပြင်းခေါင်းတိုက်ကာသွင်းယူသွားခဲ့ပါတယ်။

zawgyi

လီဗာပူးပြဲတြင္အျငင္းပြားစရာဆုံးျဖတ္ခ်က္ကိုခ်ခဲ့ျပန္တဲ့ VAR

ဝက္စ္ဘ႐ြန္းဟာမေန႔ညတုန္းကလီဗာပူးႏွင့္ပြဲစဥ္တြင္၂-၁ဂိုးျဖင့္ဦးေဆာင္ႏိုင္မယ့္ေသခ်ာေပါက္အႏိုင္ဂိုးကိုဆိုး႐ြားစြာဘဲျငင္းပယ္ျခင္းခံခဲ့ရပါတယ္။ဝက္စ္ဘ႐ြန္းဟာVAR ရဲ႕စစ္ေဆးမႈခံခဲ့ရေပမယ့္လည္းအႏိုင္ဂိုးျငင္းပယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဝက္စ္ဘ႐ြန္းဟာေကာ္နာဂယ္လာဂါရဲ႕ေထာင့္ကန္ေဘာကေနကိုင္လီဘာတေလကေခါင္းတိုက္သြင္းယူခဲ့ၿပီးလီဗာပူးကိုဒုတိယအႀကိမ္ေျမာက္ဦးေဆာင္ခြင့္ရရွိခဲ့ပါတယ္။ဒါေပမယ့္စည္းၾကပ္ဒိုင္ကလူကြၽံေဘာအျဖစ္သတ္မွတ္ခဲ့ပါတယ္။

ယင္းကိုVARကစစ္ေဆးၾကည့္ခ်ိန္မွာလူကြၽံေနတဲ့မတ္ဖီးလစ္ကလီဗာပူးဂိုးသမားအလီဆင္ရဲ႕ျမင္ကြင္းကိုပိတ္ထားတယ္ဆိုၿပီးလူကြၽံေဘာအျဖစ္သတ္မွတ္ခဲ့တာျဖစ္ပါတယ္။တကယ္ေတာ့မတ္ဖီးလစ္ဟာအလီဆင္ရဲ႕ျမင္ကြင္းကိုပိတ္ဆို႔ထားျခင္းမရွိေၾကာင္းေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းVARရဲ႕ဆုံးျဖတ္ခ်က္အေပၚဝက္စ္ဘ႐ြန္းအသင္းႏွင့္ပရိသတ္မ်ားကအႀကီးအက်ယ္ေဝဖန္မႈမ်ားျပဳလုပ္ေနၾကပါတယ္။

ဝက္စ္ဘ႐ြန္းနည္းျပဆမ္အလာဒြိဳက္က “အတြင္းမွာရွိတဲ့ကစားသမားကဂိုးသြင္းတာပါ။အေရးမပါတဲ့ဆုံးျဖတ္ခ်က္မေပးပါနဲ႔။သူကဂိုးသမားႏွစ္မီတာခြဲအေက်ာ္ေလာက္ကြာေနတာပါ။ဒါကလုံးဝလက္ခံႏိုင္စရာမရွိတဲ့ဆုံးျဖတ္ခ်က္ပါ။VAR ရွိတာေတာင္ဒီလိုဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာတန္းဆင္းသြားရၿပီးျဖစ္တဲ့ဝက္စ္ဘ႐ြန္းဟာဟယ္ေရာ့ဘ္ဆင္ကႏူးရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးမိဟာမက္ဆာလက္ကျပန္လည္ေခ်ပခဲ့ပါတယ္။ယင္းဂိုးဟာဆာလက္အတြက္ယခုရာသီပရီးမီးယားလိဂ္၂၂ဂိုးေျမာက္ဂိုးလည္းျဖစ္ပါတယ္။

ပြဲရဲ႕နာက်င္အခ်ိန္ပိုမွာလီဗာပူးအတြက္အႏိုင္ဂိုးကိုလီဗာပူးဂိုးသမားအလစ္ဆင္ကေထာင့္ကန္ေဘာမွအျပင္းေခါင္းတိုက္ကာသြင္းယူသြားခဲ့ပါတယ္။