ရာသီအကုန်အထိ အနားယူရတော့မယ့် လီဗာပူးမှဂျိုတာ

လီဗာပူးရဲ့ပေါ်တူဂီစတားဒေအိုဂိုဂျိုတာဟာခြေထောက်ဒဏ်ရာကြောင့်လီဗာပူးရဲ့လက်ကျန်ပရီးမီးယားလိဂ်ပွဲနှစ်ပွဲလုံးကိုလွဲချော်မှာဖြစ်ကြောင်းသိရပါတယ်။

လီဗာပူးဟာယခုရာသီတွင်ဒဏ်ရာပြဿနာများစွာနှင့်ရင်ဆိုင်နေရပြီးအဓိကစားသမားများအားဆုံးရှုံးရမှုနဲ့အတူချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပင်အပြင်းအထန်တိုက်ပွဲဝင်ခဲ့ရပါတယ်။

၎င်းတို့ဟာဗဟိုနောက်ခံလူဗာဂယ်ဗန်ဒိုက်ကိုအောက်တိုဘာလကတည်းကဆုံးရှုံးခဲ့ရသလိုဂိုမက်ဇ်ကိုလည်းရာသီအကုန်အထိဆုံးရှုံးထားရပါတယ်။ဒါ့အပြင်၎င်းတို့ဟာပြီးခဲ့တဲ့လများအတွင်းတွင်ကစားသမားများစွာတို့ကိုဒဏ်ရာကြောင့်ဆုံးရှုံးခဲ့ရပါတယ်။

ယနေ့မှာဂျာဂင်ကလော့ပ်ကချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲနှစ်ပွဲဖြစ်တဲ့ဘန်လေ(အဝေးကွင်း)၊ခရစ္စတယ်ပဲလေ့စ်(အိမ်ကွင်း)ပွဲစဉ်တို့ကိုဂျိုတာလွဲချော်တော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

လီဗာပူးဟာရမှတ်၆၁မှတ်ဖြင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေပြီးအဆင့်၄နေရာမှာချဲလ်ဆီးနှင့်ရမှတ်၁မှတ်တည်းသာကွာဟနေပါတယ်။

ဂျိုတာဟာယခုရာသီမှာဒဏ်ရာပြဿနာကြောင့်ကာလရှည်နားခဲ့ရပြီးပရီးမီးယားလိဂ်၁၈ပွဲမှာ၉ဂိုးသွင်းယူထားကာချန်ပီယံလိဂ်၉ပွဲကစားထားရာမှာ၄ဂိုးသွင်းယူထားနိုင်ပါတယ်။

zawgyi

ရာသီအကုန္အထိ အနားယူရေတာ့မယ့္ လီဗာပူးမွဂ်ိဳတာ

လီဗာပူးရဲ႕ေပၚတူဂီစတားေဒအိုဂိုဂ်ိဳတာဟာေျခေထာက္ဒဏ္ရာေၾကာင့္လီဗာပူးရဲ႕လက္က်န္ပရီးမီးယားလိဂ္ပြဲႏွစ္ပြဲလုံးကိုလြဲေခ်ာ္မွာျဖစ္ေၾကာင္းသိရပါတယ္။

လီဗာပူးဟာယခုရာသီတြင္ဒဏ္ရာျပႆနာမ်ားစြာႏွင့္ရင္ဆိုင္ေနရၿပီးအဓိကစားသမားမ်ားအားဆုံးရႈံးရမႈနဲ႔အတူခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပင္အျပင္းအထန္တိုက္ပြဲဝင္ခဲ့ရပါတယ္။

၎တို႔ဟာဗဟိုေနာက္ခံလူဗာဂယ္ဗန္ဒိုက္ကိုေအာက္တိုဘာလကတည္းကဆုံးရႈံးခဲ့ရသလိုဂိုမက္ဇ္ကိုလည္းရာသီအကုန္အထိဆုံးရႈံးထားရပါတယ္။ဒါ့အျပင္၎တို႔ဟာၿပီးခဲ့တဲ့လမ်ားအတြင္းတြင္ကစားသမားမ်ားစြာတို႔ကိုဒဏ္ရာေၾကာင့္ဆုံးရႈံးခဲ့ရပါတယ္။

ယေန႔မွာဂ်ာဂင္ကေလာ့ပ္ကခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အေရးပါတဲ့ပြဲႏွစ္ပြဲျဖစ္တဲ့ဘန္ေလ(အေဝးကြင္း)၊ခရစၥတယ္ပဲေလ့စ္(အိမ္ကြင္း)ပြဲစဥ္တို႔ကိုဂ်ိဳတာလြဲေခ်ာ္ေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

လီဗာပူးဟာရမွတ္၆၁မွတ္ျဖင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၅ေနရာမွာရပ္တည္ေနၿပီးအဆင့္၄ေနရာမွာခ်ဲလ္ဆီးႏွင့္ရမွတ္၁မွတ္တည္းသာကြာဟေနပါတယ္။

ဂ်ိဳတာဟာယခုရာသီမွာဒဏ္ရာျပႆနာေၾကာင့္ကာလရွည္နားခဲ့ရၿပီးပရီးမီးယားလိဂ္၁၈ပြဲမွာ၉ဂိုးသြင္းယူထားကာခ်န္ပီယံလိဂ္၉ပြဲကစားထားရာမွာ၄ဂိုးသြင္းယူထားႏိုင္ပါတယ္။