အန်ဖီးလ်မှာ လက်ရှိချန်ပီယံတို့အရှုံးမရှိနိုင်

အင်္ဂါည ချန်ပီယံလိဂ် ၁၆ သင်းအဆင့်(ပ-ကျော့) ပွဲကြိုသုံးသပ်ချက်

လီဗာပူး နှင့် ရီးရဲလ်(ည ၂း၃၀)(သတိုး မှော်ဘီ)

ပြီးခဲ့ရာသီဗိုလ်လုပွဲပြိုင်ဘက်တွေဟာချန်ပီယံလိဂ်မှာ ၃ ရာသီဆက်အဖြစ်ရင်ဆိုင်တွေ့ကြတာပါ။ကြိုးကြာနီတို့ကဒီပွဲမတိုင်ခင် ၂ ပွဲဆက်နိုင်ထားပေမယ့် သူတို့ရဲ့အကောင်းဆုံးပုံစံကို ပြန်မရသေးပါဘူး။

အထူးသဖြင့်အယ်ကန်တာရာမပါတဲ့ကွင်းလယ်ကမိုဒရစ်တို့ရဲ့ရီးရဲလ်ကွင်းလယ်ကိုယှဉ်နိုင်ဖို့ ခက်ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက်နိုင်ထားတဲ့ရီးရဲလ်ဟာလီဗာပူးနဲ့နောက်ဆုံးတွေ့ဆုံမှု ၆ ပွဲမှာလည်း ၅ ပွဲနိုင်ထားတာပါ။အန်ဖီးလ်မှာလက်ရှိချန်ပီယံတို့အရှုံးမရှိနိုင်ပါဘူး။

zawgyi




