London South Bank University ရဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ရီယိုဖာဒီနန်

ရီယိုဖာဒီနန်ဟာ London South Bank University ရဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

အသက်၄၃နှစ်ရှိယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟာတရားမမျှတမှု၊လူမျိုးရေးခွဲခြားမှု၊စိတ်ကျန်းမာရေးစသည်တို့နှင့်ပတ်သက်ပြီးလူမှုလုပ်ငန်းများလုပ်ဆောင်မှုများအတွက် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းဟာလန်ဒန်တောင်ပိုင်းပက်ဟမ်းတွင်ကြီးပြင်းသူဖြစ်ပြီး ရီယိုဖာဒီနန်ဖောင်ဒေးရှင်းတည်ထောင်ကာယေးဒေသရှိအသက်၁၀နှစ်မှ၂၅နှစ်ကြာလူငယ်များအားကူညီပေးနေပါတယ်။

ရီယိုဖာဒီနန်ဟာဝက်စ်ဟမ်း၊လိဒ်၊ယူနိုက်တက်နှင့်ကျူပီအာတို့တွင်ကစားခဲ့သူဖြစ်ပြီး၂၀၁၁ခုနှစ်မှစတင်ပြီးရီယိုဖာဒီနန်ဖောင်ဒေးရှင်းကိုတည်ထောင်ကာကူညီလာခဲ့သူဖြစ်ပါတယ်။

ZawGyi




