ပွဲပန်းထားလို့ မယုံကြည်ကြပါနဲ့

သောကြာည ပြင်သစ်လီဂူး ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

လိုရီယန့် နှင့် မိုနာကို (ည ၁းဝဝ)(ဖိုးရာဇာ)

ချန်ပီယံလိဂ်ပွဲပန်းဒဏ် ရင်ဆိုင်ထားရတာကြောင့် မိုနာကို သေချာပေါက်ပင်ပန်းနေပါလိမ့်မယ်။ကစားရမှာက အဝေးကွင်းဖြစ်လို့ မိုနာကိုအနေနဲ့ အင်အားချွေတာပြီး ရလဒ်ကောင်းဖို့သာ အဓိကထားကစားလာမှာပါ။

လက်ရှိ မိုနာကိုဟာ တိုက်စစ်စွမ်းရည်မဆိုးလှပေမယ့် ခံစစ်ယိုယွင်းမှုပြဿနာ ရင်ဆိုင်နေရပြီး ဘယ်အသင်းနဲ့ပဲ ရင်ဆိုင်တွေ့တွေ့ ဂိုးတွေပြန်ပေးနေရတယ်။လိုရီယန့်ကတော့ ပြီးခဲ့တဲ့ရာသီက အားပျော့ခဲ့တဲ့ကွင်းလယ်ကို မာကျောမှုရှိအောင် ပြင်ဆင်ထားနိုင်ပြီး စုဖွဲ့ကစားအားလည်း ထက်မြက်တဲ့အသင်းပါ။

ယမန်နှစ် ဒုတိယရာသီဝက်ကတည်းက အိမ်ကွင်းစွာလွန်းခဲ့တဲ့ လိုရီယန့်ကို ပွဲပန်းနေတဲ့ မိုနာကို ခြေစွမ်းအသာစီးယူဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။မိုနာကိုဘက်ကနေ ၁+၇၀ အကျောပေးဖွင့်လှစ်ထားမှုမှာ လိုရီယန့်ကိုကြိုက်တယ်။ပွဲပန်းထားလို့ မိုနာကိုကို မယုံကြည်ကြပါနဲ့။

zawgyi




