Love Island စတားအယ်လီဘရောင်းနှင့် ဂျက်ဂရဲလ်လစ်ရှ် ကြိတ်ပုန်းခုန်နေသလား?

အင်္ဂလန်နှင့်မန်စီးတီးစတားဂျက်ဂရဲလ်လစ်ရှ်ဟာမန်စီးတီးအတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပြီးနောက် Love Island စတားအယ်လီဘရောင်းအပါအဝင်သူငယ်ချင်းများနှင့်ပါတီပွဲလုပ်ပျော်ရွှင်ခဲ့ကြောင်းသိရပါတယ်။

အသက်၂၅နှစ်ရှိဂျက်နှင့်အသက်၂၃နှစ်ရှိအယ်လစ်တို့ကိုမန်ချက်စတာရှိပါတီတစ်ခုမှာအတူတွေ့ခဲ့ရပြီးနောက်ပိုင်းတွင်ကလပ်တစ်ခုသို့အတူတကွထွက်ခွာသွားခဲ့ကြတာတွေ့ရပါတယ်။

အင်္ဂလန်စတားဟာနော့ဝှစ်ချ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာသူ့ရဲ့ပထမဆုံးမန်စီးတီးအတွက်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ဂျက်နဲ့အယ်လီဘရောင်းတို့ကိုတွေ့ရှိခဲ့သူတစ်ဦးက “သောက်လိုက်ကြတာဗျာ။တစ်ယောက်နဲ့တစ်ယောက်ကြည်ကြည်နူးနူးပဲ။ပြီးတော့သူငယ်ချင်းအချို့နဲ့အပြင်ထွက်ပြီးစကားပြောတာလည်းတွေ့ရတယ်။ညနေပိုင်းရောက်တော့ဂျက်ကရီယက်မရာ့ဇ်၊ဒန်နီဆမ်ဆင်အပါအဝင်ဘောလုံးသမားသူငယ်ချင်းတွေနဲ့ Chinawhite သို့ထွက်သွားကြတယ်။အဲဒီမှာလည်းအယ်လီဘရောင်းနဲ့သူ့သူငယ်ချင်းတွေရှိတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်အယ်လီဘရောင်းရဲ့သူငယ်ချင်းတစ်ဦးကတော့ဂျက်နဲ့အယ်လီဘရောင်းတို့အကြားမှာသူငယ်ချင်းများသာဖြစ်ပြီးယင်းထက်အဆင့်မပိုကြောင်းဆိုထားပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာငယ်ချစ်ဆာရှာအတ်ဝုဒ်နှင့်တွဲနေသူဖြစ်ပါတယ်။

ဒါပေမယ့်ဂျက်ဂရဲလ်လစ်ရှ်ဟာပြီးခဲ့တဲ့အပတ်တုန်းက Celeb Dating App တစ်ခုဖြစ်တဲ့ Raya မှာအကောင့်ဖွင့်လိုက်မှုနဲ့အတူအင်္ဂလန်စတားနှင့်ဆာရှာအတ်ဝုဒ်တို့အကြားအဖုအထစ်များရှိနေပြီလားလို့မေးခွန်းထုတ်စရာရှိနေပါတယ်။

ZawGyi

Love Island စတားအယ္လီဘေရာင္းႏွင့္ ဂ်က္ဂရဲလ္လစ္ရွ္ ႀကိတ္ပုန္းခုန္ေနသလား?

အဂၤလန္ႏွင့္မန္စီးတီးစတားဂ်က္ဂရဲလ္လစ္ရွ္ဟာမန္စီးတီးအတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ၿပီးေနာက္ Love Island စတားအယ္လီဘေရာင္းအပါအဝင္သူငယ္ခ်င္းမ်ားႏွင့္ပါတီပြဲလုပ္ေပ်ာ္႐ႊင္ခဲ့ေၾကာင္းသိရပါတယ္။

အသက္၂၅ႏွစ္ရွိဂ်က္ႏွင့္အသက္၂၃ႏွစ္ရွိအယ္လစ္တို႔ကိုမန္ခ်က္စတာရွိပါတီတစ္ခုမွာအတူေတြ႕ခဲ့ရၿပီးေနာက္ပိုင္းတြင္ကလပ္တစ္ခုသို႔အတူတကြထြက္ခြာသြားခဲ့ၾကတာေတြ႕ရပါတယ္။

အဂၤလန္စတားဟာေနာ့ဝွစ္ခ်္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာသူ႔ရဲ႕ပထမဆုံးမန္စီးတီးအတြက္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ဂ်က္နဲ႔အယ္လီဘေရာင္းတို႔ကိုေတြ႕ရွိခဲ့သူတစ္ဦးက “ေသာက္လိုက္ၾကတာဗ်ာ။တစ္ေယာက္နဲ႔တစ္ေယာက္ၾကည္ၾကည္ႏူးႏူးပဲ။ၿပီးေတာ့သူငယ္ခ်င္းအခ်ိဳ႕နဲ႔အျပင္ထြက္ၿပီးစကားေျပာတာလည္းေတြ႕ရတယ္။ညေနပိုင္းေရာက္ေတာ့ဂ်က္ကရီယက္မရာ့ဇ္၊ဒန္နီဆမ္ဆင္အပါအဝင္ေဘာလုံးသမားသူငယ္ခ်င္းေတြနဲ႔ Chinawhite သို႔ထြက္သြားၾကတယ္။အဲဒီမွာလည္းအယ္လီဘေရာင္းနဲ႔သူ႔သူငယ္ခ်င္းေတြရွိတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္အယ္လီဘေရာင္းရဲ႕သူငယ္ခ်င္းတစ္ဦးကေတာ့ဂ်က္နဲ႔အယ္လီဘေရာင္းတို႔အၾကားမွာသူငယ္ခ်င္းမ်ားသာျဖစ္ၿပီးယင္းထက္အဆင့္မပိုေၾကာင္းဆိုထားပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာငယ္ခ်စ္ဆာရွာအတ္ဝုဒ္ႏွင့္တြဲေနသူျဖစ္ပါတယ္။

ဒါေပမယ့္ဂ်က္ဂရဲလ္လစ္ရွ္ဟာၿပီးခဲ့တဲ့အပတ္တုန္းက Celeb Dating App တစ္ခုျဖစ္တဲ့ Raya မွာအေကာင့္ဖြင့္လိုက္မႈနဲ႔အတူအဂၤလန္စတားႏွင့္ဆာရွာအတ္ဝုဒ္တို႔အၾကားအဖုအထစ္မ်ားရွိေနၿပီလားလို႔ေမးခြန္းထုတ္စရာရွိေနပါတယ္။