ဂိုးပေါင်းအောက်ကိုကစားရမယ်

အင်္ဂါညချန်ပီယံလိဂ်ခြေစစ်ပွဲပလေးအော့ဖ်အဆင့် (ဒု-အကျော့) ပွဲကြိုသုံးသပ်ချက်

လူဒိုဂိုရက်စ် နှင့် မယ်မို (ည ၁း၃၀)(အိုဇုန်း)

မယ်မိုကွင်းမှာတုန်းက၂-၀ဂိုးနဲ့ အရေးနိမ့်ထားတာကြောင့်ခြေစစ်ပွဲအောင်ဖို့ဆိုရင်လူဒိုဂိုရက်စ်ဖောင်ဖျက်တိုက်ပွဲဝင်ရလိမ့်မယ်။နဂိုကတည်းကလည်းဘူလ်ဂေးရီးယားကလပ်လူဒိုဂိုရက်စ်ဟာအိမ်ကွင်းကစားအားထက်မြက်လွန်းတဲ့အသင်းဖြစ်ပါတယ်။

မယ်မိုကလည်းခံစစ်ကြောင်းလုံခြုံအောင်ကစားတဲ့နေရာမှာဆရာတစ်ဆူဖြစ်ပြီးအဝေးကွင်းတွေမှာပေးဂိုးမရှိအောင်ကစားတိုင်းလုပ်ပြနိုင်လေ့ရှိတဲ့အသင်းပါ။၂ဂိုးပြတ်နိုင်ထားပြီးသားဖြစ်လို့ မယ်မိုအနေနဲ့ခံစစ်ပိုင်းပေးဂိုးမရှိစေရေးအတွက်ပဲအဓိ ကထားပြင်ဆင်ကစားလာပါလိမ့်မယ်။

လူဒိုဂိုရက်စ်ကတော့အဆက်မပြတ်တိုက်စစ်ဆင်ရင်းမယ်မိုရဲ့ခံစစ်ကြောင့်အခက်တွေ့သွားနိုင်ပါတယ်။နှစ်သင်းပေါင်းသွင်းဂိုးအလွန်ဆုံး ၂ဂိုးမပိုနိုင်တာကြောင့်ဂိုးပေါင်းအောက်ကိုကစားရမယ်။

zawgyi




