အာဆင်နယ်မှ ထွက်ခွာတော့မယ့် ဒေးဗစ်လုဇ်

ဘရာဇီးဗဟိုနောက်ခံလူဒေးဗစ်လုဇ်ဟာရာသီအကုန်တွင်အာဆင်နယ်မှထွက်ခွာတော့မှာဖြစ်ကြောင်းသိရပါတယ်။အသက်၃၄နှစ်ရှိချဲလ်ဆီးနှင့်ပီအက်စ်ဂျီနောက်ခံလူဟောင်းဟာသောကြာနေ့တုန်းကအာဆင်နယ်အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက်၂နှစ်ကြာကစားလာခဲ့တဲ့အမ်းမရိတ်မှထွက်ခွာရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေးဗစ်လုဇ်ဟာယခုရာသီမှာအာဆင်နယ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်ပွဲ၃၀အထိကစားနိုင်ခဲ့ပါတယ်။ဒါပေမယ့်အာဆင်နယ်နည်းပြအာတီတာဟာဆိုးရွားတဲ့ရာသီတစ်ခုနှင့်ကြုံတွေ့ရမှုနဲ့အတူလာမယ့်နွေရာသီတွင်အသင်းကိုအကြီးအကျယ်အပြောင်းအလဲလုပ်ရန်ဆုံးဖြတ်ချက်ချထားပါတယ်။

လက်ရှိအချိန်တွင်ချဲလ်ဆီးနှင့်ပီအက်စ်ဂျီနောက်ခံလူဟောင်းဟာပရီးမီးယားလိဂ်မှာဆက်ကစားနေဦးမလားဆိုတာအတိအကျမသိရသေးပါဘူး။

သူဟာ၂၀၁၉ခုနှစ်၊ဩဂုတ်လတုန်းကလန်ဒန်မြို့ခံပြိုင်ဘက်ချဲလ်ဆီးမှအာဆင်နယ်သို့ပေါင်၈သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။သူဟာတံကောက်ကြောဒဏ်ရာကြောင့်အာဆင်နယ်ရဲ့နောက်ဆုံး၃ပွဲကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

zawgyi

အာဆင္နယ္မွ ထြက္ခြာေတာ့မယ့္ ေဒးဗစ္လုဇ္

ဘရာဇီးဗဟိုေနာက္ခံလူေဒးဗစ္လုဇ္ဟာရာသီအကုန္တြင္အာဆင္နယ္မွထြက္ခြာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။အသက္၃၄ႏွစ္ရွိခ်ဲလ္ဆီးႏွင့္ပီအက္စ္ဂ်ီေနာက္ခံလူေဟာင္းဟာေသာၾကာေန႔တုန္းကအာဆင္နယ္အသင္းတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္၂ႏွစ္ၾကာကစားလာခဲ့တဲ့အမ္းမရိတ္မွထြက္ခြာရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

ေဒးဗစ္လုဇ္ဟာယခုရာသီမွာအာဆင္နယ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္ပြဲ၃၀အထိကစားႏိုင္ခဲ့ပါတယ္။ဒါေပမယ့္အာဆင္နယ္နည္းျပအာတီတာဟာဆိုး႐ြားတဲ့ရာသီတစ္ခုႏွင့္ႀကဳံေတြ႕ရမႈနဲ႔အတူလာမယ့္ေႏြရာသီတြင္အသင္းကိုအႀကီးအက်ယ္အေျပာင္းအလဲလုပ္ရန္ဆုံးျဖတ္ခ်က္ခ်ထားပါတယ္။

လက္ရွိအခ်ိန္တြင္ခ်ဲလ္ဆီးႏွင့္ပီအက္စ္ဂ်ီေနာက္ခံလူေဟာင္းဟာပရီးမီးယားလိဂ္မွာဆက္ကစားေနဦးမလားဆိုတာအတိအက်မသိရေသးပါဘူး။

သူဟာ၂၀၁၉ခုႏွစ္၊ဩဂုတ္လတုန္းကလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ခ်ဲလ္ဆီးမွအာဆင္နယ္သို႔ေပါင္၈သန္းျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။သူဟာတံေကာက္ေၾကာဒဏ္ရာေၾကာင့္အာဆင္နယ္ရဲ႕ေနာက္ဆုံး၃ပြဲကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။