ရိုသာဟမ်ကို နည်းနည်းလေးတော့ အသိအမှတ်ပြုပေးကြပါဦး

အင်္ဂါည အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်-၂၆ပွဲကျန် ပွဲကြိုသုံးသပ်ချက်

လူတန်တောင်း နှင့် ရိုသာဟမ် (ည ၁၂း၃၀)(ဇေကြီး)

ခြေစွမ်းရောရလဒ်ပိုင်းပါဆက်တိုက်ကောင်းမွန်နေတဲ့လူတန်တောင်းရဲ့အနေအထားကအားရစရာကောင်းလှတယ်။ဒါပေမဲ့ဟိုမမီဒီမမီအနေအထားမှာရှိနေလို့ လူတန်တောင်းအသင်းအမှတ်မလိုအပ်တော့ပါဘူး။အနာမခံဘဲခပ်အေးအေးယှဉ်ပြိုင်လာမယ့်လူတန်တောင်းကို မြင်ရနိုင်တယ်။

ရိုသာဟမ်ကတော့တန်းတင်ကျန်ရစ်ဖို့ ဒါဘီနဲ့အပြိုင် ကြိုးစားနေရတဲ့အသင်းပါ။ခံစစ်ရောတိုက်စစ်ပါအားပျော့ပြီးရလဒ်တွေဆက်တိုက်ဆိုးလာတဲ့ရိုသာဟမ်ကသိပ်ပြီးယုံကြည်ချင်စရာမကောင်းဘူး။

ဒါပေမဲ့တန်းတင်ဖို့ နောက်ဆုံးထွက်သက်အထိကြိုးစားမယ့်ရိုသာဟမ်ကိုနည်းနည်းလေးတော့အသိအမှတ်ပြုပေးကြပါဦး။အမှတ်မလိုအပ်တဲ့လူတန်တောင်းကိုရိုသာဟမ်အနိုင်ယူသွားမယ်ဆိုရင်တောင်အံ့သြစရာမရှိပါဘူး။

zawgyi




