
တနင်္ဂနွေည ပြင်သစ်လီဂူး ပွဲစဉ်-၃ ပွဲကြိုသုံးသပ်ချက်
လိုင်ယွန် နှင့် ကလီမန့် (ညနေ ၅း၃၀)(ဖိုးရာဇာ)
ဒီပေးကိုဘာစီလိုနာထံလက်လွှတ်လိုက်ရခြင်းအပါအဝင်အဓိကကစားသမားကောင်းတွေကိုလက်လွှတ်လိုက်ရတဲ့လိုင်ယွန်ဟာရာသီအဖွင့်နှစ်ပွဲမှာယိုင်နဲ့လဲပြိုနေပြီးရာသီအဖွင့်အိမ်ကွင်းပွဲမှာ ဘရက်စ်လိုအသင်းကို သရေ၊ ဒုတိယပွဲဖြစ်တဲ့အန်းဂါးစ်နဲ့ပွဲမှာဂိုးပြတ်ရှုံးထားခြင်းကနည်းပြသစ်ပီတာဘော့ဇ်ကိုခေါင်းဖြူနေစေတယ်။
ဒီကြားထဲအခုရင်ဆိုင်ရတဲ့အသင်းကတန်းတက်သာဖြစ်ပေမယ့်ခြေစွာချက်ကလန်ထွက်နေပြီးနှစ်ပွဲဆက်အနိုင်ကြီးနဲ့ဒီပွဲကိုလာကစားတာကြောင့်လိုင်ယွန်ကိုရှောင်ရဦးမှာပါ။ ဂိုးအများဖြစ်နိုင်တယ်။
zawgyi