လိုင်လီထက်ပိုပြီးသေချာတာ ဘာမှမရှိ

တနင်္ဂနွေည ပြင်သစ်လီဂူး ပွဲစဉ်-၃၄ ပွဲကြိုသုံးသပ်ချက်

လိုင်ယွန် နှင့် လိုင်လီ (ည ၁း၃၀)(ဖိုးရာဇာ)

ဇယားထိပ်ဆုံးကလိုင်လီနဲ့ ၃မှတ်သာနိမ့်ထားတဲ့အဆင့်၄နေရာကလိုင်ယွန်တို့ ထိပ်တိုက်တွေ့ဆုံမှုပါ။ လီဂူးချန်ပီယံဆုအတွက်အသင်း၄သင်းယှဉ်ပြိုင်ကြိုးစားလုယူနေရတဲ့အထဲမှာလိုင်လီနဲ့ လိုင်ယွန်တို့ပါဝင်နေကြလို့ နှစ်သင်းစလုံးအခုပွဲကို ဗိုလ်လုပွဲတစ်ပွဲလိုသတိကြီးကြီးထားပြီးယှဉ်ပြိုင်လာကြပါလိမ့်မယ်။

ခြေစွမ်းကိုသေချာကြည့်မယ်ဆိုရင်လိုင်လီရောလိုင်ယွန်ပါကွင်းလယ်နဲ့တိုက်စစ်ပိုင်းအားကောင်းကြတယ်။ဒါပေမဲ့ခံစစ်ပိုင်းမှာတော့လိုင်လီကပိုမိုလုံခြုံမာကျောမှုရှိတယ်ဆိုရမယ်။ သရေတစ်မှတ်ယူနိုင်ရင်ပဲတစ်ဝက်ကျော်အကျိုးအမြတ်ရရှိမယ့် လိုင်လီထက်ပိုပြီးသေချာတာဘာမှမရှိတော့ပါဘူး။

zawgyi




