”ဂိုးပြတ်နိုင်ဖို့ လိုအပ်ပေမယ့်လည်း ရွေးဖို့တွန့်ဆုတ်မနေနဲ့”

တနင်္ဂနွေည ပြင်သစ်လီဂူး ပွဲစဉ်-၂၀ ပွဲကြိုသုံးသပ်ချက်

လိုင်ယွန် နှင့် မတ်ဇ် (ည ၂:၃၀)(ဖိုးရာဇာ)

မတ်ဇ်ရဲ့ခြေစွမ်းပြန်လည်တည်ငြိမ်နေပြီးလီဂူးနောက်ဆုံး ၆ပွဲမှာရှုံးပွဲတစ်ပွဲပဲရှိထားတယ်။အထူးသဖြင့်အဝေးကွင်းပွဲစဉ်တွေဆိုရင်ရလဒ်မဆိုးအောင်မတ်ဇ် ထိန်းကစားတတ်တယ်။ဒါပေမဲ့လည်းခံစစ်ကြောင်းက အမှားများနေလို့ မတ်ဇ်ရဲ့ရုန်းအားသိပ်ပြီးစိတ်မချရသေးဘူး။

အဓိကဂိုးသွင်းရှင်နီယာနီလည်းနာနေလို့ မတ်ဇ်တိုက်စစ်ကအားပျော့နေမှာပါ။အခုရင်ဆိုင်ရမယ့်လိုင်ယွန်ကဇယားထိပ်ဆုံးမှာရပ်တည်နေတဲ့အသင်းပီပီ တိုက်စစ်နဲ့ ကွင်းလယ်မြိုင်ဆိုင်ထက်မြက်လွန်းတဲ့အသင်းဖြစ်တယ်။နှစ်ဂိုးပြတ်နိုင်ဖို့ လိုအပ်နေပေမယ့်လည်းအပေါ်အသင်းလိုင်ယွန်ကိုရွေးဖို့ တွန့်ဆုတ်မနေပါနဲ့။

zawgyi




