နိုင်မယ်ဆိုရင်တောင် ဂိုးပြတ်ဖို့မဖြစ်နိုင်

ကြာသပတေးညယူရိုပါလိဂ်အုပ်စုပွဲစဉ်-၂ နောက်ကျပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လာဇီယို နှင့် လိုကိုမိုးတစ်မော်စကို (ည ၁း၃၀)(အိုဇုန်း)

ဒီရာသီ ပြည်တွင်းပြည်ပပွဲစဉ်တွေမှာလာဇီယိုအသင်းရုန်းကန်နေရတဲ့အခြေအနေကသိသာလွန်းပြီးဒါဟာယိုယွင်းလွန်းတဲ့ခံစစ်ကြောင်းကိုပြင်ဆင်နိုင်ခြင်းမရှိလို့ပါ။လာဇီယိုတိုက်စစ်ကဂိုးဘယ်လောက်သွင်းသွင်းနောက်တန်းအမှားကိုပြင်ဆင်နိုင်ခြင်းမရှိတာကြောင့်ရလဒ်နဲ့ခြေစွမ်းကမောက်ကမဖြစ်နေရတာလို့ဆိုရမယ်။

လိုကိုမိုးတစ်မော်စကိုကတော့လက်ရှိမှာကွင်းလယ်နဲ့ ခံစစ်ပိုင်း ကျစ်လျစ်မာကျောအောင်တည်ဆောက်ထားနိုင်ပြီးစုဖွဲ့မှုနဲ့စိတ်ဓာတ်ပိုင်းထက်မြက်လှတဲ့အသင်းပါ။လာဇီယိုနိုင်မယ်ဆိုရင်တောင်ဂိုးပြတ်ဖို့မဖြစ်နိုင်လို့ ဧည့်သည်နဲ့အတူစွန့်စားရမယ်။

zawgyi




