Macarthur FC ကို ၁၃ ပွဲသာ ကိုင်တွယ်ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ယူနိုက်တက်ဂန္ထဝင်ဒွိုက်ယော့ခ်

ယူနိုက်တက်ဂန္ထဝင်ဒွိုက်ယော့ခ်ဟာနည်းပြအဖြစ်၁၃ပွဲတည်းသာကိုင်တွယ်ပြီးနောက် Macarthur FC နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒွိုက်ယော့ခ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကဩစတြေးလျကလပ် Macarthur FC နှင့် နှစ်နှစ်စာချုပ်ချုပ်ဆိုပြီးနည်းပြလောကသို့ပထမဆုံးခြေလှမ်းလှမ်းခဲ့ပါတယ်။

ဒါပေမဲ့အသက်၅၁နှစ်ရှိယူနိုက်တက်ဂန္ထဝင်ဟာအဝေးကွင်းတွင်အဒီလိုင်ဒီယူနိုက်တက်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဥက္ကဌဂီနိုမာရာနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

ယင်းနောက်၎င်းတို့ဟာနှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းရန်သဘောတူညီခဲ့ကြပါတယ်။ဒွိုက်ယော့ခ်ရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ထောက်နည်းပြရပ်ဆဲလ်လာပါပီမှာလည်းထွက်ခွာခဲ့ပါတယ်။

ဒွိုက်ယော့ခ်ဟာ Macarthur FC ကို ကလပ်သမိုင်းတွင်ပထမဆုံးဖလားအဖြစ် Australia Cup ရရှိအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဗီလာနှင့်ဘလက်ဘန်းတိုက်စစ်မှူးဟောင်းဟာပထမဆုံးကိုင်တွယ်တဲ့လိဂ်ပွဲငါးပွဲဆက်နိုင်ပွဲရရှိအောင်လည်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။

သူဟာMacarthur FC မှထုတ်ပယ်ခြင်းခံခဲ့ရပေမဲ့ဩစတြေးလျကလပ် Sydney FC နည်းပြဖြစ်လာရန်ရေပန်းစားနေပါတယ်။Sydney FCဟာရလဒ်ဆိုးရွားမှုကြောင့်နည်းပြစတိဗ်ကိုရီကာကိုထုတ်ပယ်ထားကာနည်းပြသစ်ရှာဖွေနေပါတယ်။

ဒွိုက်ယော့ခ်ဟာကစားသမားဘဝတုန်းက Sydney FCတွင်တစ်ရာသီကြာကစားခဲ့ဖူးပါတယ်။

ZawGyi

Macarthur FC ကို ၁၃ ပြဲသာ ကိုင္တြယ္ၿပီးေနာက္ ထုတ္ပယ္ျခင္းခံခဲ့ရတဲ့ ယူႏိုက္တက္ဂႏၴဝင္ဒြိဳက္ေယာ့ခ္

ယူႏိုက္တက္ဂႏၴဝင္ဒြိဳက္ေယာ့ခ္ဟာနည္းျပအျဖစ္၁၃ပြဲတည္းသာကိုင္တြယ္ၿပီးေနာက္ Macarthur FC နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဒြိဳက္ေယာ့ခ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကဩစေၾတးလ်ကလပ္ Macarthur FC ႏွင့္ ႏွစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးနည္းျပေလာကသို႔ပထမဆုံးေျခလွမ္းလွမ္းခဲ့ပါတယ္။

ဒါေပမဲ့အသက္၅၁ႏွစ္ရွိယူႏိုက္တက္ဂႏၴဝင္ဟာအေဝးကြင္းတြင္အဒီလိုင္ဒီယူႏိုက္တက္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဥကၠဌဂီႏိုမာရာႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းေနာက္၎တို႔ဟာႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းရန္သေဘာတူညီခဲ့ၾကပါတယ္။ဒြိဳက္ေယာ့ခ္ရဲ႕လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ လက္ေထာက္နည္းျပရပ္ဆဲလ္လာပါပီမွာလည္းထြက္ခြာခဲ့ပါတယ္။

ဒြိဳက္ေယာ့ခ္ဟာ Macarthur FC ကို ကလပ္သမိုင္းတြင္ပထမဆုံးဖလားအျဖစ္ Australia Cup ရရွိေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ဗီလာႏွင့္ဘလက္ဘန္းတိုက္စစ္မႉးေဟာင္းဟာပထမဆုံးကိုင္တြယ္တဲ့လိဂ္ပြဲငါးပြဲဆက္ႏိုင္ပြဲရရွိေအာင္လည္းစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

သူဟာMacarthur FC မွထုတ္ပယ္ျခင္းခံခဲ့ရေပမဲ့ဩစေၾတးလ်ကလပ္ Sydney FC နည္းျပျဖစ္လာရန္ေရပန္းစားေနပါတယ္။Sydney FCဟာရလဒ္ဆိုး႐ြားမႈေၾကာင့္နည္းျပစတိဗ္ကိုရီကာကိုထုတ္ပယ္ထားကာနည္းျပသစ္ရွာေဖြေနပါတယ္။

ဒြိဳက္ေယာ့ခ္ဟာကစားသမားဘဝတုန္းက Sydney FCတြင္တစ္ရာသီၾကာကစားခဲ့ဖူးပါတယ္။