Madame Tussauds ပြတိုက်သစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒို ဖယောင်းရုပ်ထုတွင် အင်္ကျီမှားဝတ်ဆင်ထား

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ဟာဒူဘိုင်းရှိ Madame Tussauds ပြတိုက်မှာဖယောင်းရုပ်ထုဖြင့်ပြုလုပ်ဂုဏ်ပြုခံရတဲ့နှစ်ဦးတည်းသောဘောလုံးစတားများဖြစ်ပါတယ်။

Bluewaters Island မှာရှိတဲ့ယင်းပြတိုက်ကိုကြာသပတေးနေ့စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးယင်းပြတိုက်မှာနာမည်ကျော်ပုဂ္ဂိုလ်ပေါင်း၆၀‌တို့ရဲ့လူအရွယ်အစား ဖယောင်းပြတိုက်များကိုပြသထားပါတယ်။

ယင်းဖယောင်းရုပ်ထုများကို နာမည်ကျော်ပန်းပုပညာရှင်၂၀တို့က လန်ဒန်စတူဒီယိုမှာခြောက်လကြာအချိန်ယူဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

ဖယောင်းရုပ်တစ်ရုပ်ချင်းစီတိုင်းမှာလူသားဆံပင်ကိုပါအသုံးပြုထားပါတယ်။ကံဆိုးတာကတော့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယောင်းရုပ်ထုမှာအင်္ကျီမှားဝတ်ဆင်ပေးထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ရုပ်ထုမှာမန်ချက်စတာယူနိုက်တက်အင်္ကျီမဝတ်ဆင်ပေးထားဘဲဂျူဗင်တပ်အသင်းအင်္ကျီဘဲဝတ်ဆင်ထားပါတယ်။

တစ်ဖက်တွင်လီယွန်နယ်မက်ဆီကတော့ကလပ်သစ်ပီအက်စ်ဂျီအသင်းအင်္ကျီကိုဝတ်ဆင်ထားပါတယ်။ဒါပေမယ့်မက်ဆီဟာလည်းသူ့ဖယောင်းရုပ်ကိုကျေနပ်မှာမဟုတ်ပါဘူး။မက်ဆီရဲ့အရုပ်က eFootball Avatar နဲ့တူနေပါယ်။

ယင်းပြတိုက်သစ်မှာအခြားအားကစားသမားများဖြစ်ဒေးဗစ်ဘက်ဟမ်း၊မက်ဂရီဂေါ်၊ဗစ်တာခိုလီ၊လီဝစ်ဟာမီတန်တို့ရဲ့ဖယောင်းရုပ်ထုကိုလည်းပြသထားပါတယ်။

ZawGyi







