
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ရီယိုဖာဒီနန်ကမနေ့ညတုန်းကဝုဗ်နှင့်ပွဲတွင်လည်းအရန်ခုံတွင်ထိုင်နေခဲ့ရတဲ့ယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကိုအသင်းသစ်ရှာဖွေရန်အကြံပြုလာပါတယ်။
ယူနိုက်တက်ဗဟိုနောက်ခံလူဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်နှင့်အတူခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီးကွာတားဖိုင်နယ်ရောက်အင်္ဂလန်အသင်းတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားနိုင်ခဲ့သူများထဲမှတစ်ဦးလည်းဖြစ်ပါတယ်။
သူဟာဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားပွဲတိုင်းကိုပွဲထွက်ကစားကာဂျွန်စတုန်းနှင့်တွဲဖက်ပြီးအကောင်းဆုံးပုံစံဖြင့်ကစားခဲ့ပါတယ်။
ဒါပေမဲ့သူဟာယူနိုက်တက်မှာတော့ဩဂုတ်လတုန်းကဘရန့်ဖို့ဒ်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနောက်ပိုင်းတွင်အရန်ခုံမှာထိုင်နေခဲ့ရပါတယ်။
သူဟာကမ္ဘာ့ဖလားပြိုင်ပွဲမှပြန်လာပြီးနောက်မနေ့ညတုန်းကဝုဗ်ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလည်းအရန်ခုံမှာထိုင်နေခဲ့ရပါတယ်။
အဲရစ်တန်ဟက်ဟာဗဟိုနောက်ခံလူပြဿနာရှိနေပေမဲ့လည်းလုခ်ရှောကိုဗဟိုခံစစ်မှူးအဖြစ်အသုံးပြုသွားခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းရီယိုဖာဒီနန်ကဟယ်ရီမက်ဂွိုင်းယားအနေဖြင့်အိုးထရက်ဖို့ဒ်မှထွက်ခွာကာကလပ်သစ်ရှာဖွေသင့်ပြီဖြစ်ကြောင်းပြောကြားလာပါတယ်။
ရီယိုဖာဒီနန်က”လင်ဒီလော့ဖ်နဲ့မက်ဂွိုင်းယားကိုအရန်ခုံမှာမြင်ရတော့မျက်လုံးပြူးခဲ့ရတယ်။ဒီနှစ်ဦးနဲ့ပတ်သက်ပြီးတန်ဟက်ရဲ့အတွေးကိုပြသနေတာပါ။တကယ်လို့ကျွန်တော်သာဟယ်ရီမက်ဂွိုင်းယားနေရာမှာသာဆိုရင်အခုကလပ်သစ်ရှာပါပြီ။
သူဟာအင်္ဂလန်အတွက်အပြစ်ကင်းကင်းကစားနိုင်ခဲ့တယ်။ဒါပေမဲ့သူ့အတွက်ယူနိုက်တက်ကအလုပ်မဖြစ်တော့ပါဘူး။ဒီနည်းပြသစ်ဟာသူ့ကိုထိပ်တန်းဗဟိုနောက်ခံလူနှစ်ဦးအဖြစ်သူ့ကိုမသတ်မှတ်တော့ပါဘူး။သူ့နေရာမှာဆိုရင်တော့အေးဂျင့်ကိုပုံမှန်ကစားခွင့်ရမဲ့ကလပ်သစ်ရှာဖို့ပြောပါမယ်။ပြီးရင်ဘောလုံးကစားရင်းပျော်နေပါမယ်”လို့ပြောကြားသွားပါတယ်။
ဟယ်ရီမက်ဂွိုင်းယားဟာ၂၀၁၉ခုနှစ်တွင်လက်စတာမှပေါင်သန်း၇၀ဖြင့်ရောက်လာခဲ့သူဖြစ်ပြီး၁၅၄ပွဲကစားထားပါတယ်။
သူဟာဆိုးလ်ရှားနှင့်ရေးဖ်ရန်းနစ်ခ်လက်အောက်မှာတုန်းကအဓိကကစားသမားအဖြစ်ကစားခွင့်ရခဲ့ပေမဲ့ အဲရစ်တန်ဟက်လက်အောက်မှာတော့နေရာရရှိရန်ရုန်းကန်နေရပါတယ်။
အဲရစ်တန်ဟက်ဟာဗဟိုနောက်ခံလူအတွဲအဖြစ်ဗာရန်းနှင့်မာတီနက်ဇ်တို့ကိုသာအဓိကထားသုံးနေပါတယ်။ယူနိုက်တက်ဟာဟယ်ရီမက်ဂွိုင်းယားထွက်ခွာလျှင်အစားထိုးရန်နာပိုလီရဲ့ကမ်မင်ဂျီကိုပစ်မှတ်ထားနေပါတယ်။
ZawGyi
အဲရစ္တန္ဟက္ရဲ႕ေနာက္ဆုံး ဆုံးျဖတ္ခ်က္ေၾကာင့္ မက္ဂြိဳင္းယားကို ယူႏိုက္တက္မွ ထြက္ခြာရန္ ရီယိုဖာဒီနန္အႀကံေပးလာ
မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ရီယိုဖာဒီနန္ကမေန႔ညတုန္းကဝုဗ္ႏွင့္ပြဲတြင္လည္းအရန္ခုံတြင္ထိုင္ေနခဲ့ရတဲ့ယူႏိုက္တက္အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားကိုအသင္းသစ္ရွာေဖြရန္အႀကံျပဳလာပါတယ္။
ယူႏိုက္တက္ဗဟိုေနာက္ခံလူဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္ႏွင့္အတူေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီးကြာတားဖိုင္နယ္ေရာက္အဂၤလန္အသင္းတြင္အေကာင္းဆုံးေျခစြမ္းျဖင့္ကစားႏိုင္ခဲ့သူမ်ားထဲမွတစ္ဦးလည္းျဖစ္ပါတယ္။
သူဟာေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းရဲ႕ကမာၻ႔ဖလားပြဲတိုင္းကိုပြဲထြက္ကစားကာဂြၽန္စတုန္းႏွင့္တြဲဖက္ၿပီးအေကာင္းဆုံးပုံစံျဖင့္ကစားခဲ့ပါတယ္။
ဒါေပမဲ့သူဟာယူႏိုက္တက္မွာေတာ့ဩဂုတ္လတုန္းကဘရန႔္ဖို႔ဒ္ကို၄-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲေနာက္ပိုင္းတြင္အရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။
သူဟာကမာၻ႔ဖလားၿပိဳင္ပြဲမွျပန္လာၿပီးေနာက္မေန႔ညတုန္းကဝုဗ္ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာလည္းအရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။
အဲရစ္တန္ဟက္ဟာဗဟိုေနာက္ခံလူျပႆနာရွိေနေပမဲ့လည္းလုခ္ေရွာကိုဗဟိုခံစစ္မႉးအျဖစ္အသုံးျပဳသြားခဲ့တာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္းရီယိုဖာဒီနန္ကဟယ္ရီမက္ဂြိဳင္းယားအေနျဖင့္အိုးထရက္ဖို႔ဒ္မွထြက္ခြာကာကလပ္သစ္ရွာေဖြသင့္ၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။
ရီယိုဖာဒီနန္က “လင္ဒီေလာ့ဖ္နဲ႔မက္ဂြိဳင္းယားကိုအရန္ခုံမွာျမင္ရေတာ့မ်က္လုံးျပဴးခဲ့ရတယ္။ဒီႏွစ္ဦးနဲ႔ပတ္သက္ၿပီးတန္ဟက္ရဲ႕အေတြးကိုျပသေနတာပါ။တကယ္လို႔ကြၽန္ေတာ္သာဟယ္ရီမက္ဂြိဳင္းယားေနရာမွာသာဆိုရင္အခုကလပ္သစ္ရွာပါၿပီ။သူဟာအဂၤလန္အတြက္အျပစ္ကင္းကင္းကစားႏိုင္ခဲ့တယ္။
ဒါေပမဲ့သူ႔အတြက္ယူႏိုက္တက္ကအလုပ္မျဖစ္ေတာ့ပါဘူး။ဒီနည္းျပသစ္ဟာသူ႔ကိုထိပ္တန္းဗဟိုေနာက္ခံလူႏွစ္ဦးအျဖစ္သူ႔ကိုမသတ္မွတ္ေတာ့ပါဘူး။သူ႔ေနရာမွာဆိုရင္ေတာ့ေအးဂ်င့္ကိုပုံမွန္ကစားခြင့္ရမဲ့ကလပ္သစ္ရွာဖို႔ေျပာပါမယ္။ၿပီးရင္ေဘာလုံးကစားရင္းေပ်ာ္ေနပါမယ္”လို႔ေျပာၾကားသြားပါတယ္။
ဟယ္ရီမက္ဂြိဳင္းယားဟာ၂၀၁၉ခုႏွစ္တြင္လက္စတာမွေပါင္သန္း၇၀ျဖင့္ေရာက္လာခဲ့သူျဖစ္ၿပီး၁၅၄ပြဲကစားထားပါတယ္။
သူဟာဆိုးလ္ရွားႏွင့္ေရးဖ္ရန္းနစ္ခ္လက္ေအာက္မွာတုန္းကအဓိကကစားသမားအျဖစ္ကစားခြင့္ရခဲ့ေပမဲ့ အဲရစ္တန္ဟက္လက္ေအာက္မွာေတာ့ေနရာရရွိရန္႐ုန္းကန္ေနရပါတယ္။
အဲရစ္တန္ဟက္ဟာဗဟိုေနာက္ခံလူအတြဲအျဖစ္ဗာရန္းႏွင့္မာတီနက္ဇ္တို႔ကိုသာအဓိကထားသုံးေနပါတယ္။ယူႏိုက္တက္ဟာဟယ္ရီမက္ဂြိဳင္းယားထြက္ခြာလွ်င္အစားထိုးရန္နာပိုလီရဲ႕ကမ္မင္ဂ်ီကိုပစ္မွတ္ထားေနပါတယ္။