အင်္ဂါည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်
မန်ယူ နှင့် ဘုန်းမောက်(ည ၂း၃၀)(စိုင်းကို တောင်ကြီး)
သရဲနီတို့ဟာနှစ်သစ်၂၀၂၃ ကို ထိပ်ဆုံး ၄နေရာအတွင်းရပ်တည်မှုနဲ့ စတင်နိုင်ခဲ့ပါတယ်။တန်ဟက်ရဲ့အသင်းဟာပရီးမီးယားလိဂ်နောက်ဆုံး၅ ပွဲမှာ၄ ပွဲ နိုင်ခဲ့ပြီးပွဲကျပ်ကာလမတိုင်ခင်မောင်းတင်နိုင်ခဲ့တာပါ။ဘုန်းမောက်ကတော့နောက်ဆုံးပရီးမီးယားလိဂ်၇ ပွဲမှာ၆ ပွဲရှုံးခဲ့တာတောင်သူတို့နဲ့အပြိုင်လိုက်ရှုံးနေတဲ့အသင်းတွေကြောင့်တန်းဆင်းဇုန်ထဲ ပြန်မရောက်သေးပါဘူး။
ဒီရာသီအဝေးကွင်းပေးဂိုးအများဆုံးအသင်းဖြစ်တဲ့ဘုန်းမောက်ဟာအိုးလ်ထရက်ဖို့ဒ်ကိုအလည်သွားခဲ့တဲ့နောက်ဆုံး ၃ ကြိမ်စလုံးမှာလည်းအရှုံးနဲ့သာ တပ်ခေါက်ပြန်ခဲ့ရတယ်။အိပ်မက်ပြဇာတ်ရုံကြီးမှာရက်ရ်ှဖို့ဒ်တို့ကဂိုးတွေနဲ့ ဖျော်ဖြေပေးဦးမှာပါ။
zawgyi
အိပ်မက်ပြဇာတ်ရုံကြီးမှာ ရက်ရှ်ဖို့ဒ်တို့က ဂိုးတွေနဲ့ ဖျော်ဖြေပေးဦးမှာ