အိပ်မက်ပြဇာတ်ရုံမှာ ဂိုးတွေနဲ့ဖျော်ဖြေပေးဦးမယ့် သရဲနီ

ဗုဒ္ဓဟူးည ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်(ဒု-ကျော့) ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် နော်တင်ဟမ်(ည ၂း၃၀)(မော်ကွန်း)

ပထမအကျော့အဝေးကွင်းမှာကတည်းက ၃ ဂိုးပြတ်ထားတဲ့အတွက်သရဲနီတို့ဟာဗိုလ်လုပွဲကိုခြေတစ်ဖက်လှမ်းထားပြီးပါပြီ။ဒီရာသီအဓိကပြိုင်ပွဲ ၄ ရပ်စလုံးမှာပါ၀င်နေရဆဲတစ်သင်းတည်းသောအင်္ဂလိပ်ကလပ်ဖြစ်တဲ့တန်ဟက်ရဲ့အသင်းဟာပြိုင်ပွဲစုံနောက်ဆုံး ၁၃ ပွဲမှာ အာဆင်နယ်နဲ့အဝေးကွင်း ၁ ပွဲသာရှုံးထားပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာဆိုလာသမျှအသင်းတိုင်းကိုသူတို့အနိုင်ယူနေတာ ၁၁ ပွဲဆက်တောင်ရှိနေတာပါ။မထူးဇတ်ခင်းရမယ့်နော်တင်ဟမ်ကတော့ဒီရာသီအဝေးကွင်းအညံ့ဆုံးအသင်းတွေထဲပါ၀င်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းကပရီးမီးယားလိဂ်တွေ့ဆုံမှုအဖြစ်အိုးလ်ထရက်ဖို့ဒ်လာခဲ့တော့လည်း နော်တင်ဟမ်ဟာ ၃ ဂိုးပြတ်နဲ့ ဒူးထောက်ခဲ့ရတာပါ။အိပ်မက်ပြဇာတ်ရုံမှာဂိုးတွေနဲ့ သရဲနီတို့ဖျော်ဖြေပေးပါဦးမယ်။

zawgyi

အိပ္မက္ျပဇာတ္႐ုံမွာ ဂိုးေတြနဲ႔ေဖ်ာ္ေျဖေပးဦးမယ့္ သရဲနီ

ဗုဒၶဟူးည ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္(ဒု-ေက်ာ့) ပြဲႀကိဳသုံးသပ္ခ်က္

မန္ယူ ႏွင့္ ေနာ္တင္ဟမ္(ည ၂း၃၀)(ေမာ္ကြန္း)

ပထမအေက်ာ့ အေဝးကြင္းမွာကတည္းက ၃ ဂိုးျပတ္ထားတဲ့အတြက္ သရဲနီတို႔ဟာ ဗိုလ္လုပြဲကို ေျခတစ္ဖက္လွမ္းထားၿပီးပါၿပီ။ဒီရာသီ အဓိကၿပိဳင္ပြဲ ၄ ရပ္စလုံးမွာ ပါ၀င္ေနရဆဲ တစ္သင္းတည္းေသာ အဂၤလိပ္ကလပ္ျဖစ္တဲ့ တန္ဟက္ရဲ႕အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၁၃ ပြဲမွာ အာဆင္နယ္နဲ႔အေဝးကြင္း ၁ ပြဲသာ ရႈံးထားပါတယ္။အိုးလ္ထရက္ဖို႔ဒ္မွာဆို လာသမွ် အသင္းတိုင္းကို သူတို႔အႏိုင္ယူေနတာ ၁၁ ပြဲဆက္ေတာင္ ရွိေနတာပါ။

မထူးဇတ္ခင္းရမယ့္ ေနာ္တင္ဟမ္ကေတာ့ ဒီရာသီအေဝးကြင္းအညံ့ဆုံးအသင္းေတြထဲ ပါ၀င္ပါတယ္။ၿပီးခဲ့တဲ့ဒီဇင္ဘာလကုန္ပိုင္းက ပရီးမီးယားလိဂ္ေတြ႕ဆုံမႈအျဖစ္ အိုးလ္ထရက္ဖို႔ဒ္လာခဲ့ေတာ့လည္း ေနာ္တင္ဟမ္ဟာ ၃ ဂိုးျပတ္နဲ႔ ဒူးေထာက္ခဲ့ရတာပါ။အိပ္မက္ျပဇာတ္႐ုံမွာ ဂိုးေတြနဲ႔ သရဲနီတို႔ေဖ်ာ္ေျဖေပးပါဦးမယ္။