
စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၂ ပွဲကြိုသုံးသပ်ချက်
မန်ယူ နှင့် ပဲလေ့စ်(ည ၉း၃၀)(စိုင်းကိုတောင်ကြီး)
ပူပူနွေးနွေးကာရာဘောင်းဗိုလ်လုပွဲရောက်သရဲနီတို့ဟာထိပ်ဆုံး ၄နေရာထဲဆက်လက်ရပ်တည်ချင်တယ်ဆိုရင်ပရီးမီးယားလိဂ်မှာနိုင်ပွဲပြန်ရှာနိုင်ဖို့လိုပါတယ်။တန်ဟက်ရဲ့အသင်းကိုလိဂ်မှာနိုင်ပွဲဆက်မှုရပ်တန့်အောင်နောက်ကျဂိုးနဲ့ အသည်းခွဲခဲ့တာကလည်းတိုက်တိုင်ဆိုင်ဆိုင်ပဲလေ့စ်ဖြစ်နေတာပါ။
ပဲလေ့စ်ကြောင့်ကက်စမဲရိုးတစ်ယောက်ပွဲပယ်ထိကာအာဆင်နယ်ကိုရှုံးခဲ့တဲ့ပွဲကိုလွဲခဲ့ရတယ်။ဒါကြောင့်မန်ယူအတွက်တော့ပဲလေ့စ်အခုအိမ်ကွင်းပွဲမှာမကျေပွဲလိုဖြစ်နေတာပါ။ဗီအဲရာရဲ့အသင်းဟာဂိုးသွင်းအားတော့မရှိပေမယ့်အသင်းကြီးတွေဆိုလိုက်ရှုတ်တတ်ပါတယ်။ခပ်မာမာလင်းယုန်တွေကြောင့် အိုးလ်ထရက်ဖို့ဒ်ဟာဂိုးတွေနဲ့ မစည်ကားနိုင်ပါဘူး။
zawgyi