ကလော့ပ်ကိုပြန်တောင်းပန်လိုက်တဲ့ မာနေး

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကဆာဒေယိုမာနေးဟာပြီးခဲ့တဲ့အပတ်ကမန်ယူအားအနိုင်ရရှိတဲ့ပွဲအပြီးတွင်လက်ဆွဲနူတ်ဆက်ရန်ငြင်းဆိုခဲ့မှုအတွက်တောင်းပန်ခဲ့ကြောင်းဖွင့်ဟပြောကြားသွားပါတယ်။

ဆီနီဂေါလက်ရွေးစင်တိုက်စစ်သမားဟာအိုးထရက်ဖို့ဒ်မှာမန်ယူအား၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအရန်အဖြစ်သာဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာပွဲပြီးခါရာမှုတ်ပြီးချိန်တွင်ကလော့ပ်ကလက်ဆွဲနူတ်ဆက်ရန်လက်ကမ်းမှုကိုငြင်းပယ်ခဲ့ပါတယ်။

ယခုအခါကလော့ပ်က “ကျွန်တော်တို့စကားပြောဖြစ်ခဲ့ပါတယ်။သူကလည်းတောင်းပန်ခဲ့ပါတယ်။အခုဒီကိစ္စရပ်နဲ့ပတ်သက်ပြီးအားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီ”လို့ပြောကြားသွားပါတယ်။

မာနေးဟာဝက်စ်ဘရွန်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပွဲထွက်ကစားသမားအဖြစ်ပြန်လည်ပါဝင်ခွင့်ရရှိလာခဲ့ပါတယ်။လီဗာပူးဟာဝက်စ်ဘရွန်းနိုင်ပွဲကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်အတွက်မျှော်လင့်ချက်ရှိလာပါတယ်။

zawgyi

ကေလာ့ပ္ကိုျပန္ေတာင္းပန္လိုက္တဲ့ မာေနး

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကဆာေဒယိုမာေနးဟာၿပီးခဲ့တဲ့အပတ္ကမန္ယူအားအႏိုင္ရရွိတဲ့ပြဲအၿပီးတြင္လက္ဆြဲႏူတ္ဆက္ရန္ျငင္းဆိုခဲ့မႈအတြက္ေတာင္းပန္ခဲ့ေၾကာင္းဖြင့္ဟေျပာၾကားသြားပါတယ္။

ဆီနီေဂါလက္ေ႐ြးစင္တိုက္စစ္သမားဟာအိုးထရက္ဖို႔ဒ္မွာမန္ယူအား၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအရန္အျဖစ္သာဝင္ေရာက္ကစားခြင့္ရရွိခဲ့ပါတယ္။

သူဟာပြဲၿပီးခါရာမႈတ္ၿပီးခ်ိန္တြင္ကေလာ့ပ္ကလက္ဆြဲႏူတ္ဆက္ရန္လက္ကမ္းမႈကိုျငင္းပယ္ခဲ့ပါတယ္။

ယခုအခါကေလာ့ပ္က “ကြၽန္ေတာ္တို႔စကားေျပာျဖစ္ခဲ့ပါတယ္။သူကလည္းေတာင္းပန္ခဲ့ပါတယ္။အခုဒီကိစၥရပ္နဲ႔ပတ္သက္ၿပီးအားလုံးရွင္းရွင္းလင္းလင္းျဖစ္သြားပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

မာေနးဟာဝက္စ္ဘ႐ြန္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပြဲထြက္ကစားသမားအျဖစ္ျပန္လည္ပါဝင္ခြင့္ရရွိလာခဲ့ပါတယ္။လီဗာပူးဟာဝက္စ္ဘ႐ြန္းႏိုင္ပြဲေၾကာင့္ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ေမွ်ာ္လင့္ခ်က္ရွိလာပါတယ္။