မန်ယူအားအနိုင်ရရှိပြီးနောက်ကလော့ပ်နှင့်လက်ဆွဲနူတ်ဆက်ရန်မာနေးငြင်းဆိုခဲ့

ဆာဒေယိုမာနေးဟာမနေ့ညတုန်းကမန်ယူကိုလီဗာပူးက၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင်နည်းပြဂျာဂင်ကလော့ပ်ကလက်ဆွဲနူတ်ဆက်ရန်ကမ်းမှုကိုမသိကျိုးကျွံပြုကာငြင်းပယ်ခဲ့ကြောင်းတွေ့ရပါတယ်။

မနေ့ညတုန်းကပွဲစဉ်တွင်လီဗာပူးဟာမန်ယူကိုအနိုင်ရရှိခဲ့မှုကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လင်းလက်လာခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ဆာဒေယိုမာနေးဟာပွဲထွက်ကစားခွင့်မရရှိခဲ့ဘဲဒုတိယပိုင်းတွင်မှအရန်အဖြစ်ဝင်ရောက်ကစားခဲ့ရပါတယ်။လီဗာပူးနည်းပြကလော့ပ်ဟာဂျိုတာကိုဦးစားပေးတိုက်စစ်သမားအဖြစ်အသုံးပြုကာမာနေးကိုအရန်ခုံမှာထိုင်စေခဲ့ပါတယ်။

မန်ယူကိုအနိုင်ရရှိပြီးနောက်ဂျာမန်လူမျိုးနည်းပြကလော့ပ်ဟာဝမ်းသာအားရဖြင့်ကစားသမားများကိုလိုက်လံနူတ်ဆက်ခဲ့ပါတယ်။ဒါပေမယ့်မာနေးကတော့ကလော့ပ်ကလက်ဆန့်ပြီးနူတ်ဆက်ရန်ကမ်းလှမ်းမှုကိုဂရုမစိုက်ခဲ့ပါဘူး။

မာနေးဟာကွင်းအတွင်းမှထွက်ခွာချိန်တွင်လက်ပတ်ကိုလည်းမြက်ခင်းပေါ်သို့လွှင့်ပစ်ခဲ့ကြောင်းတွေ့ရပါတယ်။အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီးလီဗာပူးပရိသတ်များကမာနေးမှာနည်းပြကလော့ပ်အပေါ်တွင်လေးစားသမုမရှိကြောင်းဝေဖန်နေကြပါတယ်။

လီဗာပူးနည်းပြကလော့ပ်ကတော့၎င်းတို့အကြားတွင်မည်သည့်ပြဿနာမျှမရှိကြောင်းနှင့်၎င်းတို့နှစ်ဦးအကြားတွင်အစစအရာရာအဆင်ပြေကြောင်းပြောကြားထားပါတယ်။

 

zawgyi







