ခြေစွမ်းကျဆင်းမူနှင့်ပတ်သက်၍ဆေးစစ်မှု ပြုလုပ်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး

လီဗာပူးတိုက်စစ်မှူးဆာဒေယိုမာနေးဟာယခုဘောလုံးရာသီတွင်ကစားသမားဘဝတစ်လျှောက်အဆိုးရွားဆုံးခြေစွမ်းကျဆင်းမှုနှင့်ကြုံတွေ့ရမှုနဲ့အတူယင်းရင်းအကြောင်းရင်းကိုသိရှိနိုင်ရန်ဆေးစစ်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဆာဒေယိုမာနေးဟာပြီးခဲ့တဲ့ဘောလုံးရာသီသုံးခုဆက်တိုက်ဂိုး၂၀အထက်သွင်းယူလာနိုင်ခဲ့သော်လည်း၂၀၂၀-၂၁ဘောလုံးရာသီတွင်ပင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရပါတယ်။

သူဟာယခုဘောလုံးရာသီတွင်ပြိုင်ပွဲအရပ်ရပ်တွင်လီဗာပူးအတွက်၄၄ပွဲကစားထားရာမှာ၁၄ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။ဒါကြောင့်သူဟာသူ့ခြေစွမ်းမပြနိုင်မှုအကြောင်းရင်းမှာသူ့ခန္ဓာကိုယ်ကြောင့်လို့ယူဆကာဆေးစစ်ဆေးမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မာနေးက “ကျွန်တော့်ကစားသမားဘဝမှာအဆိုးရွားဆုံးရာသီဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဝန်ခံရပါမယ်။ဘာကြောင့်လဲလို့မေးလာရင်ကျွန်တော်ဖြေနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူး။အပြုသဘောဆောင်တဲ့အတွေးမျိုးတွေးဖို့အမြဲတမ်းကြိုးစားပါတယ်။ကိုယ့်ကိုယ်ကိုလည်းအမြဲတမ်းမေးခွန်းထုတ်ပါတယ်။ကျွန်တော့်ခန္ဓာကိုယ်ဘာဖြစ်နေလဲဆိုတာသိဖို့စမ်းသပ်စစ်ဆေးမှုတောင်ခံယူခဲ့ပါသေးတယ်။ကျွန်တော်ဟာသင့်တော်တဲ့အစာဘဲစားပါတယ်။တစ်ခုခုများပြောင်းလဲနေသလားသိချင်ခဲ့တယ်။ဒါပေမယ့်စစ်ဆေးမှုရလဒ်ကအားလုံးကအားလုံးအဆင်ပြေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကရမှတ်၉၉မှတ်ဖြင့်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သော်လည်းယခုရာသီတွင်အဓိကနောက်ခံလူများဒဏ်ရာကြောင့်ကာလရှည်ကြာနားရမှုနဲ့အတူချန်ပီယံလိဂ်ဝင်ခွင့်အတွက်မရေမရာဖြစ်နေပါတယ်။

မာနေးကအကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ရသော်လည်းလီဗာပူးတိုက်စစ်ကစားဖော်မိုဟာမက်ဆာလက်မှာမူအကောင်းဆုံးပုံစံပြသနေတုန်းဖြစ်ပါတယ်။အီဂျစ်လက်ရွေးစင်စတားဟာယခုရာသီတွင်ပရီးမီးယားလိဂ်ဂိုး၂၀အပါအဝင်၂၉ဂိုးသွင်းယူထားနိုင်ပါတယ်။

zawgyi

ေျခစြမ္းက်ဆင္းမူႏွင့္ပတ္သက္၍ေဆးစစ္မႈ ျပဳလုပ္ခဲ့တဲ့ လီဗာပူးတိုက္စစ္မႉး

လီဗာပူးတိုက္စစ္မႉးဆာေဒယိုမာေနးဟာယခုေဘာလုံးရာသီတြင္ကစားသမားဘဝတစ္ေလွ်ာက္အဆိုး႐ြားဆုံးေျခစြမ္းက်ဆင္းမႈႏွင့္ႀကဳံေတြ႕ရမႈနဲ႔အတူယင္းရင္းအေၾကာင္းရင္းကိုသိရွိႏိုင္ရန္ေဆးစစ္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ဆာေဒယိုမာေနးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီသုံးခုဆက္တိုက္ဂိုး၂၀အထက္သြင္းယူလာႏိုင္ခဲ့ေသာ္လည္း၂၀၂၀-၂၁ေဘာလုံးရာသီတြင္ပင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရပါတယ္။

သူဟာယခုေဘာလုံးရာသီတြင္ၿပိဳင္ပြဲအရပ္ရပ္တြင္လီဗာပူးအတြက္၄၄ပြဲကစားထားရာမွာ၁၄ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။ဒါေၾကာင့္သူဟာသူ႔ေျခစြမ္းမျပႏိုင္မႈအေၾကာင္းရင္းမွာသူ႔ခႏၶာကိုယ္ေၾကာင့္လို႔ယူဆကာေဆးစစ္ေဆးမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

မာေနးက “ကြၽန္ေတာ့္ကစားသမားဘဝမွာအဆိုး႐ြားဆုံးရာသီျဖစ္ပါတယ္။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ဝန္ခံရပါမယ္။ဘာေၾကာင့္လဲလို႔ေမးလာရင္ကြၽန္ေတာ္ေျဖႏိုင္မွာမဟုတ္ပါဘူး။ကြၽန္ေတာ္ကိုယ္တိုင္လည္းမသိပါဘူး။အျပဳသေဘာေဆာင္တဲ့အေတြးမ်ိဳးေတြးဖို႔အၿမဲတမ္းႀကိဳးစားပါတယ္။ကိုယ့္ကိုယ္ကိုလည္းအၿမဲတမ္းေမးခြန္းထုတ္ပါတယ္။ကြၽန္ေတာ့္ခႏၶာကိုယ္ဘာျဖစ္ေနလဲဆိုတာသိဖို႔စမ္းသပ္စစ္ေဆးမႈေတာင္ခံယူခဲ့ပါေသးတယ္။ကြၽန္ေတာ္ဟာသင့္ေတာ္တဲ့အစာဘဲစားပါတယ္။တစ္ခုခုမ်ားေျပာင္းလဲေနသလားသိခ်င္ခဲ့တယ္။ဒါေပမယ့္စစ္ေဆးမႈရလဒ္ကအားလုံးကအားလုံးအဆင္ေျပပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကရမွတ္၉၉မွတ္ျဖင့္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ေသာ္လည္းယခုရာသီတြင္အဓိကေနာက္ခံလူမ်ားဒဏ္ရာေၾကာင့္ကာလရွည္ၾကာနားရမႈနဲ႔အတူခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္မေရမရာျဖစ္ေနပါတယ္။

မာေနးကအေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ရေသာ္လည္းလီဗာပူးတိုက္စစ္ကစားေဖာ္မိုဟာမက္ဆာလက္မွာမူအေကာင္းဆုံးပုံစံျပသေနတုန္းျဖစ္ပါတယ္။အီဂ်စ္လက္ေ႐ြးစင္စတားဟာယခုရာသီတြင္ပရီးမီးယားလိဂ္ဂိုး၂၀အပါအဝင္၂၉ဂိုးသြင္းယူထားႏိုင္ပါတယ္။