သရဲနီအလံလွှင့်ထူနိုင်ဦးမယ့်အိပ်မက်ပြဇာတ်ရုံ
ဗုဒ္ဓဟူးည ပရီးမီးယားလိဂ်(ပွဲကျန်) ပွဲကြိုသုံးသပ်ချက်
မန်ယူ နှင့် လိဒ်(ည ၂း၃၀)(မော်ကွန်း)
အာဆင်နယ်ကို ၃-၂ နဲ့ရှုံးပြီးကတည်းကသရဲနီတို့ဟာပြိုင်ပွဲအရပ်ရပ်မှာပြန်လည်ဦးမော့လာပြီးပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက်နိုင်ထားပါတယ်။တန်ဟက်ရဲ့အသင်းဟာအိမ်ကွင်းမှာဆိုပြိုင်ပွဲစုံနိုင်ပွဲဆက်နေတာနောက်ဆုံး ၁၃ ပွဲဆက်တောင်ရှိနေပါပြီ။အဖြူရောင်တွေကတော့နော်တင်ဟမ်ကိုရှုံးပြီးနောက်တစ်ရက်မှာပဲနည်းပြဂျက်ဆီမာ့ခ်ျကို ထုတ်ပယ်လိုက်ပါတယ်။
နည်းပြလက်မဲ့လိဒ်ဟာနောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း ၄ ပွဲမှာလည်း ၃ ပွဲရှုံးထားတာပါ။ဒါ့အပြင်လိဒ်ဟာမန်ယူနဲ့ နောက်ဆုံးတွေ့ဆုံမှု ၆ ပွဲမှာလည်း ၅ ပွဲရှုံးထားလို့တွေ့ဆုံမှုအစဉ်အလာမှာလည်းနိမ့်ပါတယ်။ကက်စ်မဲရိုးမပါလည်းအိပ်မက်ပြဇာတ်ရုံမှာရက်ရ်ှဖို့ဒ်တို့ဂိုးတွေနဲ့သရဲနီအလံလွှင့်ထူနိုင်မှာပါ။
zawgyi