ဂိုးအပြိုင်သွင်းကြမယ့် ဘက်ပီနဲ့ လီ၀န်

တနင်္ဂနွေည ၂၀၂၂ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ပြင်သစ် နှင့် ပိုလန် (ည ၉း၃၀)(မော်ကွန်း)

နှစ်သင်းစလုံးကအုပ်စုနောက်ဆုံးပွဲရှုံးခဲ့ကြပေမယ့်သက်ဆိုင်ရာအုပ်စုတွေမှာပထမနဲ့ဒုတိယနေရာရပြီးဒီအဆင့်ကို ရောက်လာခဲ့ကြတာပါ။ချန်ပီယံဆုကာကွယ်ရမယ့်ပြင်သစ်ဟာလူစာရင်းအပြောင်းအလဲများစွာလုပ်ခဲ့လို့သာတူနီးရှားကိုမထင်မှတ်ဘဲရှုံးခဲ့ရတာဖြစ်ပါတယ်။အဲဒီမတိုင်ခင်ပွဲတွေမှာတော့ ဘက်ပီနဲ့ဂီရော့ဒ်တို့ရဲ့ပြင်သစ်တိုက်စစ်ဟာအနိမ့်ဆုံး၂ ဂိုးနှုန်းသွင်းနိုင်ခဲ့တာပါ။

ပိုလန်ကတော့ဂိုးသမားဆက်ဇနီရဲ့လက်စွမ်းကြောင့်သာသူတို့သမိုင်းတစ်လျှောက်ဒုတိယအကြိမ်အဖြစ်ကမ္ဘာ့ဖလားမှာရှုံးထွက်အဆင့်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။နောက်ဆုံးပွဲမှာ အာဂျင်တီးနားကို၂ ဂိုးပြတ်ရှုံးခဲ့တဲ့ပိုလန်ရဲ့အသင်းလိုက်ပုံစံကတော့သိပ်ပြီးအားရစရာမကောင်းပါဘူး။ဒါပေမဲ့ပြင်သစ်ကပွဲတိုင်းဂိုးပေးနေရလို့ ဂိုးပေါ်ကသာစိတ်အချရဆုံးဖြစ်မှာပါ။

zawgyi

ဂိုးအၿပိဳင္သြင္းၾကမယ့္ ဘက္ပီနဲ႔ လီ၀န္

တနဂၤေႏြည ၂၀၂၂ ကမာၻ႔ဖလား ၁၆ သင္းအဆင့္ ပြဲႀကိဳသုံးသပ္ခ်က္

ျပင္သစ္ ႏွင့္ ပိုလန္ (ည ၉း၃၀)(ေမာ္ကြန္း)

ႏွစ္သင္းစလုံးက အုပ္စုေနာက္ဆုံးပြဲရႈံးခဲ့ၾကေပမယ့္ သက္ဆိုင္ရာအုပ္စုေတြမွာ ပထမနဲ႔ဒုတိယေနရာရၿပီး ဒီအဆင့္ကို ေရာက္လာခဲ့ၾကတာပါ။ခ်န္ပီယံဆုကာကြယ္ရမယ့္ျပင္သစ္ဟာ လူစာရင္းအေျပာင္းအလဲမ်ားစြာလုပ္ခဲ့လို႔သာ တူနီးရွားကို မထင္မွတ္ဘဲရႈံးခဲ့ရတာ ျဖစ္ပါတယ္။အဲဒီမတိုင္ခင္ ပြဲေတြမွာေတာ့ ဘက္ပီနဲ႔ ဂီေရာ့ဒ္တို႔ရဲ႕ျပင္သစ္တိုက္စစ္ဟာ အနိမ့္ဆုံး ၂ ဂိုးႏႈန္းသြင္းႏိုင္ခဲ့တာပါ။

ပိုလန္ကေတာ့ ဂိုးသမားဆက္ဇနီရဲ႕လက္စြမ္းေၾကာင့္သာ သူတို႔သမိုင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္အျဖစ္ ကမာၻ႔ဖလားမွာ ရႈံးထြက္အဆင့္တက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ေနာက္ဆုံးပြဲမွာ အာဂ်င္တီးနားကို ၂ ဂိုးျပတ္ရႈံးခဲ့တဲ့ ပိုလန္ရဲ႕အသင္းလိုက္ပုံစံကေတာ့ သိပ္ၿပီး အားရစရာ မေကာင္းပါဘူး။ဒါေပမဲ့ ျပင္သစ္က ပြဲတိုင္းဂိုးေပးေနရလို႔ ဂိုးေပၚကသာ စိတ္အခ်ရဆုံးျဖစ္မွာပါ။