ဘိုင်ယန်မြူးနစ်နှင့်ပွဲကစားခါနီးမှ ဘက်ပေးပါဝင်/မပါဝင်ကို ပီအက်စ်ဂျီဆုံးဖြတ်မည်

ပီအက်စ်ဂျီနည်းပြခရစ္စတိုဖီဂယ်တီယာကကိုင်လီယန်ဘက်ပေးအားသုံး/မသုံးကာဆွေးနွေးမှုပြုလုပ်ပြီးမှဆုံးဖြတ်သွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

ကိုင်လီယန်ဘက်ပေးဟာဖေဖော်ဝါရီလ၁ရက်နေ့တုန်းကမွန်ပယ်လီယာနှင့်ပွဲစဉ်တွင်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက်၃ပတ်ကြာအနားယူရမယ်လို့ယူဆခဲ့ရပါတယ်။

ဒါပေမဲ့ဘက်ပေးဟာတနင်္ဂနွေနေ့မှစတင်ကာပီအက်စ်ဂျီနှင့်အတူစတင်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။သူဟာတနင်္လာနေ့မှာတော့ပီအက်စ်ဂျီရဲ့လေ့ ကျင့်ခန်းအစီအစဉ်အားလုံးတွင်ပါဝင်လုပ်ဆောင်နိုင်မှုနဲ့အတူယနေ့ည ဘိုင်ယန်မြူးနစ်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်ပါဝင်လာမယ်လို့ယုံကြည်ရပါတယ်။

ခရစ္စတိုဖီဂယ်တီယာက “လူစာရင်းမှာပါဝင်ဖို့မသေချာပါဘူး။ဆွေးနွေးမှု(ဘက်ပေး၊ဆေးအဖွဲ့)လုပ်ပြီးမှဆုံးဖြတ်ပါမယ်။လူစာရင်းမှာပါဝင်လာရင်သူကစားလာပါမယ်(အနည်းဆုံးအရန်အဖြစ်)”လို့ပြောကြားသွားပါတယ်။

ပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီမှာတံကောက်ကြောဒဏ်ရာမှပြန်လည်ကောင်းမွန်လာမှုနဲ့အတူဘိုင်ယန်မြူးနစ်နှင့်ပွဲတွင်ပီအက်စ်ဂျီတိုက်စစ်ကိုဦးဆောင်လာပါမယ်။

ZawGyi

ဘိုင္ယန္ျမဴးနစ္ႏွင့္ပြဲကစားခါနီးမွ ဘက္ေပးပါဝင္/မပါဝင္ကို ပီအက္စ္ဂ်ီဆုံးျဖတ္မည္

ပီအက္စ္ဂ်ီနည္းျပခရစၥတိုဖီဂယ္တီယာကကိုင္လီယန္ဘက္ေပးအားသုံး/မသုံးကာေဆြးေႏြးမႈျပဳလုပ္ၿပီးမွဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ကိုင္လီယန္ဘက္ေပးဟာေဖေဖာ္ဝါရီလ၁ရက္ေန႔တုန္းကမြန္ပယ္လီယာႏွင့္ပြဲစဥ္တြင္ေပါင္ႂကြက္သားဒဏ္ရာရရွိခဲ့ၿပီးေနာက္၃ပတ္ၾကာအနားယူရမယ္လို႔ယူဆခဲ့ရပါတယ္။

ဒါေပမဲ့ဘက္ေပးဟာတနဂၤေႏြေန႔မွစတင္ကာပီအက္စ္ဂ်ီႏွင့္အတူစတင္ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ပါတယ္။သူဟာတနလၤာေန႔မွာေတာ့ပီအက္စ္ဂ်ီရဲ႕ေလ့က်င့္ခန္းအစီအစဥ္အားလုံးတြင္ပါဝင္လုပ္ေဆာင္ႏိုင္မႈနဲ႔အတူယေန႔ည ဘိုင္ယန္ျမဴးနစ္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ပါဝင္လာမယ္လို႔ယုံၾကည္ရပါတယ္။

ခရစၥတိုဖီဂယ္တီယာက “လူစာရင္းမွာပါဝင္ဖို႔မေသခ်ာပါဘူး။ေဆြးေႏြးမႈ(ဘက္ေပး၊ေဆးအဖြဲ႕)လုပ္ၿပီးမွဆုံးျဖတ္ပါမယ္။လူစာရင္းမွာပါဝင္လာရင္သူကစားလာပါမယ္(အနည္းဆုံးအရန္အျဖစ္)”လို႔ေျပာၾကားသြားပါတယ္။

ပီအက္စ္ဂ်ီစူပါစတားလီယြန္နယ္မက္ဆီမွာတံေကာက္ေၾကာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာမႈနဲ႔အတူဘိုင္ယန္ျမဴးနစ္ႏွင့္ပြဲတြင္ပီအက္စ္ဂ်ီတိုက္စစ္ကိုဦးေဆာင္လာပါမယ္။