လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးတောင်ပံကစားသမား ၁၀ ဦးထွက်ပေါ်လာ
လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးတောင်ပံကစားသမား၁၀ဦးထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။မိုဟာမက်ဆာလက်ဟာလီဗာပူးကစားဖော်ဆာဒေယိုမာနေးကိုကျော်ဖြတ်ပြီးကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။
အသက်၂၈နှစ်ရှိအီဂျစ်တောင်ပံကစားသမားဟာ၂၀၁၄ခုနှစ်တုန်းကချဲလ်ဆီးတွင်ကစားစဉ်အတွင်းပရီးမီးယားလိဂ်တွင်ခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရပါတယ်။ဒါပေမယ့်သူဟာရိုးမားသို့ပြောင်းပြီးနောက်အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကာ၂၀၁၇ခုနှစ်တွင်လီဗာပူးသို့ပြောင်းခွင့်ရခဲ့ပါတယ်။
အီဂျစ်အသင်းခေါင်းဆောင်ဟာလီဗာပူးသို့ပြောင်းရွှေ့ကြေးပေါင်၃၆.၉သန်းဖြင့်ရောက်လာပြီးတဲ့နောက်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားလာခဲ့ပါတယ်။သူဟာဖာမီနို၊ဆာဒေယိုမာနေးတို့နဲ့အတူကြောက်စရာကောင်းတဲ့တိုက်စစ်အတွဲဖန်တီးနိုင်ခဲ့ပါတယ်။မိုဟာမက်ဆာလက်ဟာလီဗာပူးတွင်ကစားတဲ့လေးရာသီဆက်တိုက်အံ့ဩစရာကောင်းလောက်အောင်စွမ်းဆောင်နိုင်မှုနဲ့အတူ The Daily Star က ရွေးချယ်လာတဲ့ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမား၁၀ဦးစာရင်းတွင်ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
မိုဟာမက်ဆာလက်ဟာယခုရာသီတွင်လီဗာပူးအသင်းရုန်းကန်နေရသော်လည်းပြိုင်ပွဲအရပ်ရပ်တွင်၄၇ပွဲကစားထားရာမှာ၂၉ဂိုးသွင်းယူပြီး၅ကြိမ်ဖန်တီးထားပါတယ်။
မိုဟာမက်ဆာလက်ပြီးရင်ကမ္ဘာ့ဒုတိယအကောင်းဆုံးတောင်ပံကစားသမားအဖြစ်ဘိုင်ယန်မြူးနစ်ရဲ့ဆာဂျီဂနာဘရီကရပ်တည်နေပါတယ်။အာဆင်နယ်စတားဟောင်းဟာဘိုင်ယန်မြူးနစ်သို့ရောက်လာပြီးနောက်ထိပ်တန်းခြေစွမ်းဖြင့်ကစားနေပြီးပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်အပါအဝင်အဓိကဆုဖလားသုံးလုံးဆွတ်ခူးနိုင်အောင်ကူညီထားပါတယ်။
တတိယနေရာတွင်မိုဟာမက်ဆာလက်ရဲ့လီဗာပူးကစားဖော်ဆာဒေယိုမာနေးကရပ်တည်နေပါတယ်။မာနေးဟာလည်းယခုရာသီတွင်လီဗာပူးအတွက်ပရီးမီးယားလိဂ်ဂိုး၉ဂိုး၊ချန်ပီယံလိဂ်ဂိုး၃ဂိုးသွင်းယူထားနိုင်ပါတယ်။
စတုတ္ထနေရာတွင်ဒေါ့မွန်စတားဂျာဒွန်ဆန်ချိုကရပ်တည်နေပါတယ်။လာမယ့်နွေရာသီတွင်မန်ယူသို့ပြောင်းရွှေ့မယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေတဲ့အင်္ဂလန်တောင်ပံကစားသမားဟာယခုရာသီမှာဘိုင်ယန်မြူးနစ်အတွက်၁၄ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။
ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားစာရင်းရဲ့အဆင့်၄နေရာမှာစပါးစ်နှင့်တောင်ကိုရီးယားစတားဆန်ဟောင်မင်းကရပ်တည်နေပါတယ်။ဆန်ဟောင်မင်းဟာယခုရာသီတွင်ပရီးမီးယားလိဂ်ဂိုး၁၇ဂိုးအထိသွင်းယူထားနိုင်ပြီးစုစုပေါင်း၂၂ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမား ၁၀ဦးစာရင်းပါဝင်တဲ့အခြားတောင်ပံကစားသမားများကအဆင့်၆နေရာတွင်ဘိုင်ယန်မြူးနစ်ရဲ့လီရွိုင်းဆာနေး၊အဆင့်၇နေရာတွင်မန်စီးတီးစတားရာဟမ်းစတာလင်း၊အဆင့်၈နေရာတွင်နာပိုလီစတားလိုရန်ဇိုအင်ဆိုက်၊အဆင့်၉နေရာတွင်ပီအက်စ်ဂျီရဲ့အိန်ဂျယ်ဒီမာရီယာနှင့်အဆင့်၁၀နေရာတွင်ဗီလာရီးရဲလ်စတားဂါရတ်မိုရီနိုတို့ကရပ်တည်နေပါတယ်။
zawgyi