အနိုင်ရဖို့ သေချာလွန်းနေတာကြောင့်

သောကြာညပြင်သစ်လီဂူး ပွဲစဉ်-၃၅ ပွဲကြိုသုံးသပ်ချက်

မာဆေး နှင့် စထရက်ဘော့ (ည ၁း၃၀)(ဖိုးရာဇာ)

မာဆေးရဲ့နောက်ဆုံး ၆ပွဲဆက်တိုက်ပထမပိုင်းကတည်းကဂိုးတွေမြင်တွေ့ခွင့်ရရှိထားခဲ့ပါတယ်။ဒါဟာခံစစ်ပိုင်းကဂိုးတွေပေးရသလောက်သော်ဗင်၊ ပါယတ်၊ မီလစ်တို့ရဲ့ မာဆေးတိုက်စစ်ကဂိုးတွေပုံမှန်သွင်းယူနေနိုင်လို့ပါ။

အထူးသဖြင့်မာဆေးဟာတိုက်စစ်ထက်မြက်မှု ပိုအားကောင်းပြီးဘယ်လိုခံစစ်မျိုးကိုမဆိုထိုးဖောက်ဂိုးသွင်နိုင်စွမ်းရှိတဲ့အသင်းဖြစ်ပါတယ်။စထရက်ဘော့ကတော့အဂျော်ကေး၊ ဒီအယ်လိုတို့ရဲ့တိုက်စစ်ဂိုးလေးပုံမှန်သွင်းယူနေနိုင်ပေမယ့်ခံစစ်ယိုယွင်းလွန်းတဲ့အသင်းပါ။

ခံစစ်ပိုင်းကဂိုးအလှူပေးလွန်းလို့သာစထရက်ဘော့ရဲ့ရလဒ်တွေကမောက်ကမဖြစ်နေခဲ့ရတာလို့ ဆိုရမယ်။ဒါကြောင့်လည်း ခြေစွမ်းသာလွန်သလိုအိမ်ရှင်အားသာချက်လည်းရှိတဲ့မာဆေးဘက်ကနေသရေအရှုံးအကျောပေးထားတာဖြစ်တယ်။အနိုင်ရဖို့ သေချာလွန်းနေတာကြောင့်အိမ်ရှင်မာဆေးကိုလက်ခုပ် တီးပေးရမယ်။

zawgyi




