”အနိုင်ရသွားရင် အံ့သြစရာမရှိနိုင်ဘူး”

ဗုဒ္ဓဟူးည ပြင်သစ်လီဂူး ပွဲကျန် ပွဲကြိုသုံးသပ်ချက်

မာဆေး နှင့် ရန်းနက်စ် (ည ၁၂:၃၀)(ဖိုးရာဇာ)

ပြင်သစ်လီဂူးနောက်ဆုံး ၁၅ပွဲမှာနိုင်ပွဲဆိုလို့ ရှားရှားပါးပါး ၂ပွဲတည်းသာရရှိထားတဲ့မာဆေးရဲ့ခြေစွမ်းကယုံကြည်ချင်စရာနည်းနည်းလေးတောင်မရှိဘူး။မာဆေးရဲ့အဓိကအားနည်းချက်ကခံစစ်ယိုယွင်းမှုဖြစ်ပြီးဒီအမှားကို ပြင်ဆင်နိုင်ဖို့ နည်းပြလော်ဂူအတ်ကြိုးစားနေပါတယ်။

ဘာပဲဖြစ်ဖြစ်အခုနောက်ပိုင်းမာဆေးရဲ့ကွင်းလယ်ကမာကျောလာပြီးတိုက်စစ်ကလည်းဂိုးတွေပုံမှန်သွင်းလာနိုင်တာအမှန်ပါပဲ။ရန်းနက်စ်ကတော့ ရှုံးပွဲတွေဆက်တိုက်ရင်ဆိုင်နေရပြီးကွင်းလယ်ရောခံစစ်ကြောင်းပါတည်ငြိမ်လုံခြုံမှုမရှိဘူး။

ရန်းနက်စ်တိုက်စစ်ကိုကြည့်လိုက်ပြန်တော့လည်းအားရပါးရမရှိလှတာတွေ့ရတယ်။တိုက်စစ်နဲ့ကွင်းလယ်အားနည်းနည်းလေးပိုသာပြီးအိမ်ရှင်အားသာချက်လည်းရှိနေတဲ့ မာဆေးအနိုင်ရသွားရင်အံ့သြစရာမရှိနိုင်ဘူး။

zawgyi

”အႏိုင္ရသြားရင္ အံ့ၾသစရာမရွိႏိုင္ဘူး”

ဗုဒၶဟူးည ျပင္သစ္လီဂူး ပြဲက်န္ ပြဲႀကိဳသုံးသပ္ခ်က္

မာေဆး ႏွင့္ ရန္းနက္စ္ (ည ၁၂:၃၀)(ဖိုးရာဇာ)

ျပင္သစ္လီဂူး ေနာက္ဆုံး ၁၅ပြဲမွာ ႏိုင္ပြဲဆိုလို႔ ရွားရွားပါးပါး ၂ပြဲတည္းသာရရွိထားတဲ့ မာေဆးရဲ႕ေျခစြမ္းက ယုံၾကည္ခ်င္စရာ နည္းနည္းေလးေတာင္မရွိဘူး။မာေဆးရဲ႕အဓိကအားနည္းခ်က္က ခံစစ္ယိုယြင္းမႈျဖစ္ၿပီး ဒီအမွားကို ျပင္ဆင္ႏိုင္ဖို႔ နည္းျပေလာ္ဂူအတ္ ႀကိဳးစားေနပါတယ္။ဘာပဲျဖစ္ျဖစ္ အခုေနာက္ပိုင္း မာေဆးရဲ႕ကြင္းလယ္ကမာေက်ာလာၿပီး တိုက္စစ္ကလည္း ဂိုးေတြပုံမွန္သြင္းလာႏိုင္တာ အမွန္ပါပဲ။

ရန္းနက္စ္ကေတာ့ ရႈံးပြဲေတြဆက္တိုက္ရင္ဆိုင္ေနရၿပီး ကြင္းလယ္ေရာ ခံစစ္ေၾကာင္းပါ တည္ၿငိမ္လုံၿခဳံမႈမရွိဘူး။ရန္းနက္စ္တိုက္စစ္ကို ၾကည့္လိုက္ျပန္ေတာ့လည္း အားရပါးရမရွိလွတာေတြ႕ရတယ္။တိုက္စစ္နဲ႔ ကြင္းလယ္အား နည္းနည္းေလးပိုသာၿပီး အိမ္ရွင္အားသာခ်က္လည္းရွိေနတဲ့ မာေဆး အႏိုင္ရသြားရင္ အံ့ၾသစရာမရွိႏိုင္ဘူး။