မရှုံးနိုင်ဘူးလို့ ခံယူရမှာ

စနေည ပြင်သစ်လီဂူး ပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

မာဆေး နှင့် စိန့်အီတီယန်နီ (နံနက် ၁း၃၀)(ဖိုးရာဇာ)

မာဆေးဟာပွဲပြီးကအထိကစားခဲ့ရတဲ့နှစ်ပွဲမှာတင်လေးဂိုးပေးထားရပြီး ပြီးခဲ့တဲ့တစ်ပတ်ကနိစ်နဲ့ပွဲမှာလည်းတစ်ဂိုးနဲ့ရှုံးနေချိန်ပွဲပျက်ခဲ့ရပါတယ်။ စိန့်အီတီယန်နီကတော့ ရှုံးပွဲမရှိသေးပေမယ့်သုံးပွဲစလုံးသရေပွဲတွေအဖြစ် ကစားထားတယ်။

သရေသုံးပွဲမှာအိမ်ကွင်းပွဲတွေအဖြစ်လိုးရီးယန့်နဲ့ လိုင်ယွန်တို့ကို သရေကျတော့အသာစီးကစားနိုင်ခဲ့ပြီးလန်းစ်နဲ့အဝေးကွင်းပွဲမှာတော့ဒုတိယပိုင်းဖိအားပေးခံရမှုများပေမယ့်သရေကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲလည်းမာဆေးကိုမရှုံးနိုင်ဘူးလို့ ခံယူရမှာဖြစ်ပါတယ်။

zawgyi




