အမေရိကန်ကိုကြိုက်တယ်

သောကြာနံနက် ကွန်ကာကပ်ဖ်ရွှေဖလား အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မာတီနစ် နှင့် အမေရိကန် (နံနက် ၈းဝဝ)(မြန်မာပြည်ဂုရု)

ကနေဒါကို ဂိုးပြတ်အရေးနိမ့်လိုက်တဲ့မာတီနစ်ရဲ့ခြေစွမ်းကအားလုံးကြိုတင်မျှော်လင့်ထားသလိုပဲညံဖျင်းလွန်းလှပါတယ်။ယိုယွင်းလွန်းတဲ့ခံစစ်ကြောင်းကို မာတီနစ်ပြင်ဆင်နိုင်စွမ်းမရှိဘဲကွင်းလယ်ကလည်းအားပျော့လှတယ်။

အမေရိကန်ကတော့ဟေတီကိုတစ်ဂိုးတည်းနဲ့ပဲကပ်နိုင်ခဲ့လို့ ဂိုးဆာလောင်နေမှာပါ။သူတို့တိုက်စစ်အစွမ်းကလည်းနဂိုကတည်းကထက်မြက်မှုရှိပါတယ်။အနိမ့်ဆုံး ၃ဂိုးပြတ်အနိုင်ယူမယ့်အမေရိကန်ကိုကြိုက်တယ်။

zawgyi




