ကမ္ဘာ့အကောင်းဆုံးတွေဖြစ်လာနိုင်တဲ့မေဆင်မောင့်နှင့်ဖီးလ်ဖိုဒန်

မိုက်ကယ်အိုဝင်ကမေဆင်မောင့်နှင့်ဖီးလ်ဖိုဒန်တို့မှာလာမယ့်နှစ်များတွင်ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်လာနိုင်ကြောင်းဟောကိန်းထုတ်လိုက်ပါတယ်။

မေဆင်မောင့်နှင့်ဖီးလ်ဖိုဒန်တို့ဟာချဲလ်ဆီးနှင့်မန်စီးတီးတို့အားချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်အဓိကနေရာမှကူညီထားကြသူများလည်းဖြစ်ပါတယ်။၎င်းတို့ဟာလာမယ့်မေလ၂၉ရက်နေ့မှာတူရကီမှာချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်ထိပ်တိုက်ရင်ဆိုင်ကစားကြရပါမယ်။

ဖိုဒန်ဟာအီတီဟတ်တွင်ပီအက်စ်ဂျီအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့တွင်မရာ့ဇ်ဒုတိယဂိုးသွင်းယူနိုင်အောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။အခြားတစ်ဖက်တွင်မေဆင်မောင့်မှာလည်းစတမ်းဖို့ဒ်ဘရစ်ချ်တွင်ရီးရဲလ်မက်ဒရစ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ရာတွင်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အကယ်ဒမီထွက်ကစားသမားနှစ်ဦးလုံးတို့ဟာယခုရာသီတွင်သက်ဆိုင်ရာကလပ်နှစ်ခုလုံးတွင်အရေးပါတဲ့ကစားသမားများအဖြစ်ခြေစွမ်းပြကစားနေပြီးပရီးမီးယားလိဂ်တွင်နှစ်ဦးပေါင်း၁၃ဂိုးသွင်းကာ၁၁ကြိမ်ဖန်တီးထားပါတယ်။၎င်းတို့ဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲမှာဂရေမီဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းတွင်အရေးပါတဲ့သူများဖြစ်လာမယ်လို့သတ်မှတ်ခြင်းခံထားရပါတယ်။

ဒါကြောင့်လည်း၂၀၀၁ခုနှစ်တုန်းကBallon d’Or ဆှတျခူးနိုငျတဲ့နောကျဆုံးအငျ်ဂလန်ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တဲ့မိုက်ကယ်အိုဝင်ကမေဆင်မောင့်နှင့်ဖီးလ်ဖိုဒန်တို့မှာကမ္ဘာ့အဆင့်ကစားသမားနှစ်ဦးဖြစ်လာမယ်လို့ခန့်မှန်းလာပါတယ်။

မိုက်ကယ်အိုဝင်က “အင်္ဂလန်ရဲ့လာမယ့်နွေရာသီကတော့စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။အထူးသဖြင့်မေဆင်မောင့်နဲ့ဖီးလ်ဖီဒန်တို့ကြောင့်ပါ။သူတို့နှစ်ဦးတို့ဟာအနာဂတ်မှာကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲမှနှစ်ဦးဖြစ်လာနိုင်ပါတယ်။သူတို့ကအရမ်းကောင်းကြပါတယ်။သူတို့ရဲ့တိုးတက်မှုကိုကြည့်ရမှာဖြစ်လို့စိတ်လှုပ်ရှားရပါတယ်။ကျွန်တော်ကတော့သူတို့နှစ်ဦးဖြစ်လာဖို့သေချာနေတယ်လို့ထင်ပါတယ်။ဖိုဒန်ကတော့လုံးဝသေချာနေပါတယ်။မောင့်ကလည်းအရမ်းအံ့ဩစရာကောင်းတဲ့ကစားသမားပါ။ဒါပေမယ့်ဖိုဒန်ကအင်္ဂလန်သမိုင်းမှာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာတဲ့အထိဖြစ်လာနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ကမာၻ႔အေကာင္းဆုံးေတြျဖစ္လာႏိုင္တဲ့ေမဆင္ေမာင့္ႏွင့္ဖီးလ္ဖိုဒန္

မိုက္ကယ္အိုဝင္ကေမဆင္ေမာင့္ႏွင့္ဖီးလ္ဖိုဒန္တို႔မွာလာမယ့္ႏွစ္မ်ားတြင္ကမာၻ႔အေကာင္းဆုံးကစားသမားႏွစ္ဦးျဖစ္လာႏိုင္ေၾကာင္းေဟာကိန္းထုတ္လိုက္ပါတယ္။

ေမဆင္ေမာင့္ႏွင့္ဖီးလ္ဖိုဒန္တို႔ဟာခ်ဲလ္ဆီးႏွင့္မန္စီးတီးတို႔အားခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္အဓိကေနရာမွကူညီထားၾကသူမ်ားလည္းျဖစ္ပါတယ္။၎တို႔ဟာလာမယ့္ေမလ၂၉ရက္ေန႔မွာတူရကီမွာခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ထိပ္တိုက္ရင္ဆိုင္ကစားၾကရပါမယ္။

ဖိုဒန္ဟာအီတီဟတ္တြင္ပီအက္စ္ဂ်ီအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့တြင္မရာ့ဇ္ဒုတိယဂိုးသြင္းယူႏိုင္ေအာင္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။အျခားတစ္ဖက္တြင္ေမဆင္ေမာင့္မွာလည္းစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ရီးရဲလ္မက္ဒရစ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ရာတြင္အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အကယ္ဒမီထြက္ကစားသမားႏွစ္ဦးလုံးတို႔ဟာယခုရာသီတြင္သက္ဆိုင္ရာကလပ္ႏွစ္ခုလုံးတြင္အေရးပါတဲ့ကစားသမားမ်ားအျဖစ္ေျခစြမ္းျပကစားေနၿပီးပရီးမီးယားလိဂ္တြင္ႏွစ္ဦးေပါင္း၁၃ဂိုးသြင္းကာ၁၁ႀကိမ္ဖန္တီးထားပါတယ္။

၎တို႔ဟာလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဂေရမီေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းတြင္အေရးပါတဲ့သူမ်ားျဖစ္လာမယ္လို႔သတ္မွတ္ျခင္းခံထားရပါတယ္။

ဒါေၾကာင့္လည္း၂၀၀၁ခုႏွစ္တုန္းကBallon d’Or ဆွတ်ခူးႏိုင်တဲ့ေနာက်ဆုံးအင်္ဂလန္ကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့တဲ့မိုက္ကယ္အိုဝင္ကေမဆင္ေမာင့္ႏွင့္ဖီးလ္ဖိုဒန္တို႔မွာကမာၻ႔အဆင့္ကစားသမားႏွစ္ဦးျဖစ္လာမယ္လို႔ခန႔္မွန္းလာပါတယ္။

မိုက္ကယ္အိုဝင္က “အဂၤလန္ရဲ႕လာမယ့္ေႏြရာသီကေတာ့စိတ္လႈပ္ရွားဖို႔ေကာင္းေနပါတယ္။အထူးသျဖင့္ေမဆင္ေမာင့္နဲ႔ဖီးလ္ဖီဒန္တို႔ေၾကာင့္ပါ။သူတို႔ႏွစ္ဦးတို႔ဟာအနာဂတ္မွာကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲမွႏွစ္ဦးျဖစ္လာႏိုင္ပါတယ္။သူတို႔ကအရမ္းေကာင္းၾကပါတယ္။သူတို႔ရဲ႕တိုးတက္မႈကိုၾကည့္ရမွာျဖစ္လို႔စိတ္လႈပ္ရွားရပါတယ္။ကြၽန္ေတာ္ကေတာ့သူတို႔ႏွစ္ဦးျဖစ္လာဖို႔ေသခ်ာေနတယ္လို႔ထင္ပါတယ္။ဖိုဒန္ကေတာ့လုံးဝေသခ်ာေနပါတယ္။ေမာင့္ကလည္းအရမ္းအံ့ဩစရာေကာင္းတဲ့ကစားသမားပါ။ဒါေပမယ့္ဖိုဒန္ကအဂၤလန္သမိုင္းမွာအေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္လာတဲ့အထိျဖစ္လာႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။